50

6.3K 1K 30
                                    

အကြီးဆုံးမြေးက အိမ်မှာမရှိဘူးလား။
..............................................

ယွီဝမ်ထုန်က လင်းမိသားစု၏ အိမ်ပေါက်ဝသို့ ရောက်စဉ်တွင် လူတိုင်း၏မျက်နှာအား တစ်ချက်သာကြည့်ကာ မှတ်ထားလိုက်သည်။ သူက လင်းကျန်နှင့် သက်တူရွယ်တူ ဖြစ်နိုင်သူတစ်ယောက်မှ မတွေ့ချေ။ လင်းကျန်က ဤနေရာ၌ မရှိသည်မှာ ထင်ရှားသည်။

ယွီဝမ်ထုန် မျက်မှောင်ကြုတ်မိသည်။ သူ၏ မသိမသာအမူအရာကို အခြားလူများသတိမပြုမိကြပေ။ 'ဒီတော့ သူက အိမ်မှာမရှိဘူးပေါ့။'

သူက လင်းမိသားစုနှင့် စေ့စပ်ထားသည်ဟု သိရသည့်အတွက် အံ့ဩခဲ့သည်။ သို့သော် လင်းမိသားစုက ၎င်းကိုအဆုံးသတ်ချင်ရာ သူတွန်းအားပေးမည်မဟုတ်ပေ။ သူထန်းယန်သို့ လာရောက်ရသည့်ရည်ရွယ်ချက်မှာ မြို့တော်သို့ရောက်လျှင် ရင်ဆိုင်ရနိုင်သည့် ပြဿနာများအတွက် အဖြေအသစ်တစ်ခုရှာရန်ဖြစ်သကဲ့သို့ လင်းမိသားစုကိုလည်း မျက်နှာသာပေးရန်လည်း ဖြစ်သည်။ အခြားရည်ရွယ်ချက်မှာ ထန်းယန်မှအခြေအနေကို သူအဆင်ပြေသလို စုံစမ်းရန်ပင်။ ဖီလာအားဖြင့် သူက စေ့စပ်ထားမှုဖျက်သိမ်းခြင်းကို လုံးဝစိတ်မဆိုးပေ။

သို့သော် ယခုအခိုက်အတန့်တွင် လင််းကျန်မရှိခြင်းကြောင့် ယွီဝမ်ထုန် ထူးထူးဆန်းဆန်း ခံစားချက်တစ်ခုကို ခံစားရသည်။ ပြောပြ၍မရသော မသိမသာ မကျေမနပ်ဖြစ်မှုလေးပင်။

လင်းမိသားစုက ဘာကိုဆိုလိုချင်သနည်း။ သူက လင်းကျန်အား မြင်မြင်ချင်းချစ်သွားကာ လက်ထပ်မည်ကို သူတို့စိုးရိမ်နေသည်လား။

သူ့ စိတ်ထဲ၌ အတွေးများနေသော်လည်း အပြင်ပိုင်းပုံစံမှာ တည်တည်ငြိမ်ငြိမ်ပင်။

"အရာရှိကြီးကို နှုတ်ခွန်းဆက်သပါတယ်။" လင်းရှင်းကျုံက ပြောကာ ကျန် လင်းမိသားစုဝင်များနှင့်အတူ အရိုအသေပေးသည်။

ယွီဝမ်ထုန်က သူမည်သူဖြစ်ကြောင်း မဖော်ပြချင်ဘူးဟု ပြောထားရာ လင်းရှင်းကျုံနှင့် လင်းကျောက်ဝမ်တို့က သူ့ကိုစစ်သူကြီးအဖြစ် ဂုဏ်မဖော်ခဲ့ပေ။ သူတို့က ယွီဝမ်ထုန်၏ အစီအစဉ်အား မဖျက်ဆီးမိစေရန် ဤကိစ္စကိုကြိုဆွေးနွေးထားသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now