105

4.6K 722 17
                                    

ကျားမိသားစု တိုက်ခိုက်ခံရခြင်း
........................................

အစောင့်က လင်းကျန်ပြန်ဖြေသောစကားကိုကြားသောအခါ အလွန်အံ့အားသင့်စွာတွေးမိသည်။ 'ဘယ်လိုလုပ်ပြီး သခင်လေးလင်းက စစ်သူကြီး ပြောဖူးတဲ့အတိုင်း ပြောလာရတာလဲ။ သူတို့တွေက လက်မထပ်ရသေးတာတောင် ဒီလိုအံ့ဩစရာ အပြန်အလှန်နားလည်မှု ရှိနေတယ်။'

သူတိတ်တဆိတ် လက်မြှောက်ကာ နှလုံးသားရှိရာရင်အုံနေရာသို့ ဖိထားမိသည်။ သူ့နှလုံးသား၌ ပျက်စီးမှုတစ်မျိုးအား ခံစားနေရသကဲ့သို့ သူထင်လိုက်မိသောကြောင့်ပင်။

အစောင့်က လင်းကျန် မြင်ကွင်းမှပျောက်သွားသည်အထိ လိုက်ကြည့်နေသည်။ ထို့နောက် သူ၏အစောင့်တာဝန်ကို ဆက်ထမ်းဆောင်ရန်အတွက် အစွန်ခန်း၏အပြင်၌ နဂိုအတိုင်းနေရာပြန်ယူလိုက်သည်။  စိတ်ချရရန်အတွက်ပင် သူက အဆိပ်ရှိမည်သည့်ပိုးမွှားမဆို၊ အဆိပ်ရှိမည်သည့်မြွေမဆို၊ သို့မဟုတ် အဆိပ်ရှိမည်သည့်ပုရွက်ဆိတ်မဆိုတို့နှင့် မလိုလားအပ်သောထိတွေ့မှုမဖြစ်စေရန် ဆေးမှုန့်အချို့ကို သူ့ခန္ဓာကိုယ်ပေါ်တွင် ပက်ဖြန်းလိုက်သည်။

*****

ညဉ့်နက်လာသည်နှင့်အမျှ ထန်းယန်တွင် တိတ်ဆိတ်လာသည်။

ကျားမိသားစုတွင်...

"သခင်ကြီးခင်ဗျ၊ သခင်မလျှိုက ထပ်ပြီးစိတ်ဆိုးမာန်ဆိုးဖြစ်နေပြန်ပါပြီ။ သခင်ကြီး သူမနဲ့ စကားသွားပြောချင်ပါသလား။" ကျားမိသားစု၏အိမ်တော်ထိန်းက ကျားယင်ကိုမေးသည်။

"သူမက ပြဿနာရှာတာ မရပ်တော့ဘူးလား။" စံအိမ်အနှံ့တွင် အဝတ်ဖြူများရှိနေခြင်းက ကျားယင်၏မျက်လုံးများကို ခံစားရစေသည်။ ရလဒ်အနေဖြင့် မိန်းမတစ်ယောက်ကို နှစ်သိမ့်ပေးရခြင်းမှာ သူ မလုပ်လိုဆုံးသောကိစ္စပင်။ ထို့အပြင် သူက လျှိုချိန့်ဖန်းအား ဘယ်သောအခါကမှ တကယ်မကြိုက်ခဲ့ပေ။ သူက သခင်မကျားကို ဒေါသထွက်စေလို၍သာ သူမအားအပြိုင်မယားအဖြစ် ယူမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ လျှိုချိန့်ဖန်းအား ဤမိသားစုအတွင်းသို့ သူ၏ကိုယ်လုပ်တော်အဖြစ် လက်ထပ်ယူရမည်မှာ ရှောင်လွှဲ၍မရခဲ့သောကိစ္စပင်။ ထိုနေ့က စားသောက်ဆိုင်တွင် လျှိုချိန့်ဖန်းပေါ်လာရခြင်းမှာ လင်းကျောက်ဝမ်ကြောင့်ဖြစ်ကြောင်း သူကွက်ကွက်ကွင်းကွင်းမှတ်မိသည်။ လင်းကျောက်ဝမ်အကြောင်း သူတွေးမိရုံနှင့်ပင် လျိုချိန့်ဖန်းအား ပို၍မနှစ်မသက်ဖြစ်လာရသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now