အပိုင်း(၆၀)

Start from the beginning
                                    

သို့သော် စုန့်ချင်းလန်က သိနေ၏ ။

အကုန်လုံး၏ ရှေ့တွင်မို့ စုန့်ချင်းလန်က သူ့အကြည့်များကို ကျစ်ယွီရှီထံ မရွှေ့တော့ဘဲ မေးရုံသာမေးလိုက်သည် ။ "ဘာဆုလဲ ? အချိန်နဲ့အာကာသကို ပေးဖြတ်တဲ့ဆုလား ? ဒါမှမဟုတ် တခြားအချိန်နဲ့အာကာသမှာ ပေးနေတာမျိုးလား ? မဟုတ်ရင်......ငါတို့ကို နောက်ထပ် ပုံရိပ်ယောင်ထဲ ထည့်လိုက်အုံးမှာလား ? "

ထျန်းချုံ : "အချိန်လမ်းကြောင်းကို မထိခိုက်စေသရွေ့ သင်တို့တောင်းဆိုတဲ့ ဘယ်ဆုလာဘ်မဆို ပေးနိုင်ပါတယ် "

တစ်နည်းဆိုရလျှင် စုန့်ချင်းလန်ပြောသွားသောအရာများသာမက ထျန်းချုံက သူတို့ကို ထို့ထက်ပို၍ ပေးနိုင်သေးသည် ။

လိုအင်ဆန္ဒများ သို့မဟုတ် နောင်တရခဲ့သောသူများအတွက် ဤသည်က အတော်လေး ဆွဲဆောင်နေသော်လည်း တပ်မက်စရာမရှိဘဲ သူတို့လက်တွေ့ဘဝနှင့် ကျေနပ်ရောင့်ရဲနေသောသူများအတွက်တော့ ဤဆုလာဘ်က သိပ်အကျိုးမရှိပေ ။ သို့သော် လူသားတို့၏ အလိုလောဘများမှာ အဆုံးအစမဲ့လေ၏ ။ မည်သို့ပင်ဆိုစေကာမူ ဘာမျှမရသည်ထက်တော့ ပိုကောင်းသေးသည် ။

တစ်နည်းနည်းဖြင့် အကုန်လုံး၏ ဒေါသများက ပြန်လျော့သွားခဲ့သည် ။

ထျန်းချုံက ဆက်လက်ပြောလာ၏ ။ "မစ်ရှင်ကို အောင်မြင်ပြီးနောက် ဆုလာဘ်ကို ချက်ချင်း ရယူဖို့ ရွေးချယ်နိုင်ပါတယ် ၊ ဒါမှမဟုတ် ပိုများတဲ့ဆုတွေရရှိဖို့ မစ်ရှင်တွေကို ထပ်ဖွင့်ရန် ဆက်နေဖို့ ရွေးချယ်နိုင်ပါတယ် "

မေးခွန်းမေးလိုက်သော ကျိုးမင်ရွှမ်းက ပြောလိုက်တော့သည် ။ "တော်ပြီ ၊ ဘယ်သူက မင်းတို့ရဲ့ သောက်မစ်ရှင်တွေကို ဆက်ဖွင့်ချင်မှာလဲ ? "

စုန့်ချင်းလန်သည် ဟိုလိုဂရပ်ဖစ်မျက်နှာပြင်ကို တန်းပိတ်ပစ်လိုက်ရာ ထျန်းချုံစနစ်လည်း ပိတ်သွားခဲ့သည် ။

"ကျွန်တော်တို့ ဘာလို့........ရက်နည်းနည်းလောက် ထပ်မနားတာလဲ " လီချွင်းက အားပြတ်စွာ ပြောလာ၏ ။ "ရောင်စုံကုဗတုံးတဲ့ ။ ကြားရုံနဲ့တင် ကြောက်စရာကြီး "

"ဒီမစ်ရှင်ကို ပြင်ဆင်ဖို့ နည်းလမ်းလဲမရှိဘူး " ထန်းချီက ပြောသည် ။ "ဘယ်လိုနေနေ ငါတို့ အနှေးနဲ့အမြန် လုပ်ရမှာပဲ "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now