198

2.2K 369 7
                                    

ကိုယ် မင်းကို အရင် ညစ်ခွင့်ပြုထားမယ်။
....................................................

ယွီဝမ်ထုန်က သူနှင့်ကျန်းယွီတို့ တိုက်ဆိုင်သည့်အရာမရှိဟု ယုံသည်။ ကျန်းယွီက ကျန်းချန်ဖုန်း၏မြေးဖြစ်ကာ ဧကရာဇ်နှင့် အမျိုးတော်လည်း ဧကရာဇ်ကိုယ်တိုင်ပင် သူ့ကိုသိပ်အလေးမထားပေ။

ကျန်းမိသားစုက ဧကရီ၏ဩဇာကြောင့်သာ အသိုင်းအဝိုင်းအလယ်၌ ထင်ပေါ်လာခဲ့သည်။ ထိုမတိုင်ခင်က သူတို့၏မိသားစုထဲမှ လူအချို့ကသာ  အလယ်အလတ်အဆင့် အမှုထမ်းအဖြစ် အလုပ်လုပ်ခဲ့ကြသည်။ ယွီဝမ်မိသားစု၏မျိုးရိုးအဆက်ဆက်၌မူ ထိပ်သီးအရာရှိများတစ်ယောက်နှစ်ယောက်က အမြဲရှိနေရာ စစ်ဘက်ဆိုင်ရာ၌ ယွီဝမ်မိသားစု၏လွှမ်းမိုးမှုက အစိုးရအမှုထမ်းအသိုင်းအဝိုင်း၌ ကျန်းမိသားစု၏လွှမ်းမိုးမှုထက် ပိုသာသည်။ ထို့အပြင် ကျန်းချန်ဖုန်းက သူနှင့်အသိုင်းအဝိုင်းတစ်ခုတည်း၌ ထိပ်တိုက်မတွေ့ရန် တမင်သက်သက် ရှောင်လေ့ရှိရာ ၎င်းကို သူတို့နှစ်ဖက်လုံး အပြန်အလှန်နားလည်ထားကြသည်။

သူက လင်းကျန်ကိုပြောသည်။ "ကျန်းမိသားစုဝင်တွေသာ ဉာဏ်ကောင်းရင် မင်းကိုပြဿနာရှာရဲမှာ မဟုတ်ဘူး။ အဲ့ဒီကျန်းယွီက မချင့်ချိန်တတ်ရင် မင်းလုပ်ရမဲ့ဟာကို လုပ်လိုက်။ မင်းနောက်မှာ ကိုယ်ရှိတယ်။"

လင်းကျန်က မျက်ခုံးပင့်သည်။ "သူနဲ့ ပြဿနာတက်ဖူးတာက ယွီဝမ်ဂျင်လေ။ ခင်ဗျား သူ့ကိုသွားပြောသင့်တာ။"

ယွီဝမ်ထုန်က ထိုဝေဖန်စကားကို သေချာတွေးပြီးနောက် သတိဖြင့်ပြန်ပြောသည်။ "မင်း ယွီဝမ်ဂျင်ကြောင့် ငြိစွန်းသွားမှာကိုပဲ ကိုယ်စိုးရိမ်တာ။ အဲ့ကလေးက မွေးကတည်းက ပြဿနာကောင်။"

'ကောင်းတယ်။ အပြစ်တင်တာက ယွီဝမ်ဂျင်ဆီ လုံလုံခြုံခြုံနဲ့ ရွေ့သွားပြီ။'

လင်းကျန်က သူ့ကို အဓိပ္ပါယ်ပါပါ ကြည့်သည်။ "စိတ်ချပါ။ အခုဆို ကျွန်တော် ဘယ်လောက် ကြွစောင်းစောင်းနိုင်တယ်ဆိုတာကို တစ်မြို့လုံးသိနေကြပြီ။ ပြီးတော့ ကျွန်တော်က အနိုင်ကျင့်ခံရရင် ငုံ့ခံနေမဲ့လူ မဟုတ်ဘူး။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now