196

2.2K 376 7
                                    

စမ်းသပ်မှုတစ်ခု
....................

ယွီဝမ်ဂျင်၏စကားကိုကြားပြီးနောက် လင်းကျန်ထံတွင် အခြားအတွေးအချို့ပေါ်လာပြီး ကျန်းယွီကို တစ်ချက်ထပ်ကြည့်မိသည်။ 'ဒီကျန်းယွီက ထောင်လွှားပေမဲ့ တော်တော်ချောသားပဲ။'

"အဲ့လိုလုပ်ဖို့ မလိုလောက်ဘူး၊ သခင်လေးကျန်း။ ဒီဆရာဖုန်းက စီစဉ်ပါလိမ့်မယ်။" ယွီဝမ်ထုန်က ဘေးတွင်ရပ်နေသည့် ဖုန်းကျန်ရှီကိုကြည့်လိုက်သည်။

ထို့ကြောင့် ကျန်းယွီက ဖုန်းကျန်ရှီအားကြည့်လိုက်သောအခါ ဖုန်းကျန်ရှီက ကျန်းယွီ၏ကြည့်ကောင်းသောမျက်လုံးများထဲ၌ ဖုံးကွယ်ထားသောသတိပေးမှုကို တွေ့ပြီး ချက်ချင်းပြန်ပြောသည်။ "သခင်လေးကျန်းကိုသင်နေတဲ့ပါမောက္ခဆီကိုပဲ သခင်လေးယွီဝမ်နဲ့ သခင်လေးလင်းကိုခေါ်သွားရမှာပါ။ သူတို့နှစ်ယောက်က သခင်လေးကျန်းနဲ့ တစ်တန်းတည်းသားတွေဖြစ်လာပါလိမ့်မယ်။ သခင်လေးလင်းသာလမ်းပြပေးရင် သူတို့သုံးယောက်သား မြန်မြန်ရင်းနှီးသွားမှာမို့ အကျိုးရှိမယ်ထင်ပါတယ်။"

"တွေ့လား။" ယွီဝမ်ဂျင်က မခံမရပ်နိုင်ဖြစ်ကာ ပြောသည်။ "အဲ့ဒီဖုန်းကျန်ရှီက ကျန်းယွီကို နဲနဲလေးတောင် မဆန့်ကျင်ရဲဘူး။ အခုဆို ကျန်းယွီက သူလိုချင်တာကိုရနေပြီ။ ငါ သူ့ကို မကြိုက်ဘူး၊ သူ ငါတို့နဲ့အတူလိုက်လာမှာကိုလည်း မကြိုက်ဘူး။"

လင်းကျန်က ဖုန်းကျန်ရှီအားကြည့်လိုက်သောအခါ မျက်လုံးချင်းဆုံမိကြသည်။ လင်းကျန်၏မျက်ဝန်းများက အလွန်တည်ငြိမ်နေပုံပေါ်သော်လည်း ဖုန်းကျန်ရှီ ကျောတောင့်သွား၏။ ဤမျက်ဝန်းတစ်စုံက ကျန်းယွီ သူ့ကိုကြည့်လိုက်သောအကြည့်ထက် ပို၍ကြောက်စရာကောင်းသည်။ သူက ကျန်းယွီအား ကျေနပ်စေခဲ့သော်လည်း လင်းကျန်အား စိတ်အနှောင့်အယှက်ဖြစ်စေမိသည်ကို ဖုန်းကျန်ရှီသဘောပေါက်ကာ ကျောတွင်ချွေးစိုလာသည်။ ကျန်းယွီက မည်သို့သောလူမျိုး ဆိုသည်ကို သူသိသော်လည်း လွန်ခဲ့သည့်အခိုက်အတန့်မျှကပင် ရိုးရိုးကုပ်ကုပ်နေကာ ယဉ်ကျေးမှုရှိခဲ့သော လင်းကျန်က သူ့အတွက် ရုတ်တရက်နားလည်ရခက်လာသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now