195

2.2K 375 6
                                    

တော်ဝင်တက္ကသိုလ်သို့ ပထမဆုံးအကြိမ်ရောက်ခြင်း
..............................................................

ယွီဝမ်ဂျင်က သူ့အဖေမှာလိုက်သည့်အတိုင်းမလုပ်မိလျှင် ထပ်၍နားပူနားဆာအလုပ်ခံရမည်ကို စိုးရိမ်နေပုံပေါ်၏။ သူက တက္ကသိုလ်သို့သွားသည့်လမ်းတွင် လင်းကျန်ကို တော်ဝင်တက္ကသိုလ်မှအခြေအနေအကြောင်း အစွမ်းကုန်ရှင်းပြခဲ့သည်။

သာမန်စာပေတက္ကသိုလ်များတွင်ပင် ကျောင်းသားဂိုဏ်းများရှိသည်။ ဥပမာအားဖြင့် ချမ်းသာသည့်မိသားစုများမှ ကျောင်းသားများနှင့် ဆင်းရဲသောမိသားစုများမှ ကျောင်းသားများက တစ်ဦးကိုတစ်ဦးတွေ့သည်နှင့် မလွဲမသွေမုန်းတီးကြမည်ဖြစ်ပြီး အရှေ့တိုင်းရိုးရာတက္ကသိုလ်မှာလည်း ဤကဏ္ဍတွင် ခြွင်းချက်မရှိပေ။

သို့ရာတွင် တော်ဝင်တက္ကသိုလ်မှအခြေအနေက ဖရိုဖရဲဖြစ်နေသည်ဟု လူအများထင်ကြသည်မှာ တော်ဝင်တက္ကသိုလ်တွင် အထက်တန်းဇာတိမှကျောင်းသားများနှင့် အညတရမျိုးရိုးမှကျောင်းသားများကြားမှ ပဋိပက္ခထက် ပို၍ရှုပ်ထွေးသောအရာလည်းပါ၏။ တော်ဝင်တက္ကသိုလ်၏ထူးခြားသောအဆင့်အတန်းကြောင့် ကျောင်းသားအားလုံးနီးပါးမှာ ဆွေကြီးမျိုးကြီးမှဖြစ်ကြပြီး ဆင်းရဲသောမိသားစုများမှ ကျောင်းသားမှာ အချိုးအစားအလွန်နည်း၍ ကျောင်းသားအရေအတွက်က များစွာကွာခြားသည်။ အောက်ခြေဇာတိမှကျောင်းသားများမှာ ရန်သူများ၏ဖိအားအောက်တွင် အသက်မနည်းရှူနေရသည်။

ရလဒ်အနေဖြင့် တော်ဝင်တက္ကသိုလ်တွင် ဤအုပ်စုနှစ်ခု၏ပဋိပက္ခကို လစ်လျူရှုထား၍ရသည်။ ဤတက္ကသိုလ်မှဖရိုဖရဲအခြေအနေ၏ရင်းမြစ်မှာ ကျောင်းသားများ၏နောက်ခံနှင့် ဆက်နွယ်နေသည်။ လက်ရှိဧကရာဇ်က သံသယများပြီး ဦးဆောင်မှုကို သူ၏ငယ်သားများ နာခံရန်အတွက် စုံစမ်း၊ ထိန်းညှိမှုများသုံးခြင်းကို သဘောကျသည်။ ရန်သူအုပ်စုများကြားမှ ဘက်လိုက်သောအငြင်းအခုံမှာ အလွန်ပြင်းထန်၏။ ထို့အပြင် မင်းသားများအားလုံးက အရွယ်ရောက်နေပြီဖြစ်ရာ တစ်ယောက်ချင်းစီက အုပ်စုတစ်ခုချင်းစီကို ကိုယ်စားပြုကြသည်။ တော်ဝင်တက္ကသိုလ်မှကျောင်းသားအများစုမှာ ရာထူးကြီးအမှုထမ်းများ၏သားသမီးများဖြစ်ရာ တော်ဝင်ညီလာခံမှ အုပ်စုများအကြား ပဋိပက္ခက တော်ဝင်တက္ကသိုလ်၌ သက်ရောက်မှုရှိမည်ကို မလွှဲရှောင်နိုင်ပေ။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now