အပိုင်း(၄၄)

Start from the beginning
                                    

ကျစ်ယွီရှီက ကားစက်နှိုးလိုက်ရင်း "ဒါဆို ကျွန်တော့်ကို စောင့်ဆိုင်းဧရိယာမှာ စောင့်နေ ၊ ကျွန်တော်အခု ထွက်လာနေပြီ "

ဖုန်းချလိုက်ပြီးနောက် သူ့အဘိုးအိမ်တွင်သာ ရှိနေသေးသော စုန့်ချင်းလန်သည် အလျင်စလို သန့်ရှင်းရေးလုပ်လိုက်ပြီး နျဉ်းမြို့မြောက်ဘက်ဘူတာသို့ မောင်းနှင်လာခဲ့သည် ။

သူသည် လမ်းတစ်လျှောက်လုံး ကရောသောပါးမောင်းလာခဲ့ပြီး သူ့ကားကို ရပ်ခဲ့ကာ ၈နာရီ မထိုးခင်ကပ်သီးလေး၌ စောင့်ဆိုင်းဧရိယာသို့ ရောက်လာခဲ့သည် ။

ဘူတာရုံတွင် ဝင်ထွက်သွားလာနေကြသော လူများစွာရှိပြီး စောင့်ဆိုင်းဧရိယာတွင် လူ‌အတော်များများ ရှိနေ၏ ။

စုန့်ချင်းလန်သည် တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်ရာ ကျစ်ယွီရှီ၏ပုံရိပ်ကို မ‌တွေ့သေးပေ ။ သူရောက်မလာသေးသည်ကို အတည်ပြုပြီးမှသာ သူသည် စိတ်အေးသက်သာစွာ သက်ပြင်းချမိသွားသည် ။ ထို့နောက် ရုတ်ချည်းပင် သူ့နှလုံးသားမှာ နစ်မြုပ်သွားပြီး သူခပ်တိုးတိုးကျိန်ဆဲလိုက်မိသည် ။

ဘယ်တုန်းကများ သူက သူများတွေကို ဒီလိုမျိုး လှည့်ဖျားတတ်သွားတာလဲ ?

တကယ်ရော လိုအပ်လို့လား ?

စုန့်ချင်းလန်သည် သူ့ဘဝ ၂၆နှစ်တာတွင် ဤသို့အတွေ့အကြုံမျိုး ဘယ်တုန်းကမျှ မရှိခဲ့ဖူးပါချေ ။ အခြားလူတစ်ယောက်ကြောင့် သူဘယ်တုန်းကမျှ စိတ်ကယောက်ကယက်မဖြစ်ဖူးသလို စိတ်သက်သာရာရစေရန် တစ်စုံတစ်ယောက်ကို သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်ဖို့လိုအပ်သည်ဟုလည်း လုံးဝမတွေးဖူးပေ ။

ကျစ်ယွီရှီ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက သိပ်မကောင်းမှန်း စုန့်ချင်းလန် သတိထားမိသည် ။

Hyperthymesia ရှိသောသူများက အတွေးလွန်လေ့ရှိမရှိကို သူမသိသော်လည်း ကျစ်ယွီရှီပြောသည့် 'ဌာနမှူးဝမ်'သည် သူနှင့်ကျစ်ယွီရှီမှတ်ဉာဏ်ကြားက ကွဲပြားခြားနားချက်တစ်ခုဖြစ်နေ၏ ။ ဌာနမှူးချီကို မြင်ပြီးနောက် တည်ငြိမ်နေသော အပြုအမူနှင့် ဖုန်းထဲတွင် ပြောခဲ့သော 'ပုလင်းထဲက ဦးနှောက်'  ၊ အကုန်လုံးက အတော်လေးအဆိုးဘက်သွားနေလေသည် ။ ဤသည်က အောင်မြင်စွာ လွတ်မြောက်ပြီး ကမ္ဘာအစစ်သို့ ပြန်ရောက်လာပြီးနောက် လူတစ်ယောက်ရှိနေရမည့် အခြေအနေလုံးဝမဟုတ်ပေ ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now