193

2.2K 348 13
                                    

အလွမ်း
..........

ဤဆိုင်က ဘက်တိုင်းမှ သင့်တော်ပြီး အပြစ်အနည်းငယ်အပြင် ပြန်ပြုရမည့်ကိစ္စများမှာ အသေးအဖွဲမျှသာဖြစ်သဖြင့် လင်းကျန်ရွေးချယ်လိုက်သည်။

အဆင့်နိမ့်အမှုထမ်းက ဘာမှမေးခွန်းမထုတ်ဘဲ လင်းကျန်ကို တရားရုံးလက်အောက်ခံ  ပိုင်ဆိုင်မှုလဲလှယ်ရေးရုံးသို့ ချက်ချင်းခေါ်သွားသည်။ အဝယ်စာချုပ်နှင့် အငှားစာချုပ်တွင် လင်းကျန်ကအဝယ်ကိုရွေးလိုက်သည်။

ဈေးအလွန်မြင့်သော်လည်း ၎င်းကရှုံးမည့်အကြံမဟုတ်ဟု လင်းကျန်ယုံကြည်သည်။ သူ၏ဆေးလုပ်ငန်းက ငွေမဝင်လျှင်ပင် ဆိုင်ကိုပြန်ရောင်းကာ ကံကောင်းနိုင်သေးသည်။ ဟုတ်သည်။ ဤသို့သောနေရာမှ ဆေးဆိုင်ပိုင်ရှင်အတွက် ငွေဆုံးရှုံးရန်မဖြစ်နိုင်ပေ။

အဝယ်စာချုပ်ချုပ်ကာ လိုအပ်သည့်လုပ်ငန်းစဉ်များလုပ်ပြီးနောက် လင်းကျန်က မြို့အနောက်ဘက်မှဆိုင်၏တရားဝင်ပိုင်ရှင် ဖြစ်လာသည်။

အထွေထွေဆိုင်ထိုင်က ဤသည်ကိုမြင်သောအခါ တိတ်တခိုးတောက်ခေါက်လိုက်သည်။ 'ငါ့သူဌေးအတွက်တောင် ဒီဆိုင်ရဲ့ဈေးက တော်တော်မြင့်မှာ။ မဟုတ်ဘူး။ အင်အားကြီးနောက်ခံမရှိတဲ့ဘယ်သူမဆို ပိုက်ဆံဘယ်လောက်ရှိရှိ ဒီဆိုင်ကိုပိုင်မှာမဟုတ်ဘူး။ လင်းကျန်က မြို့တော်ကို ရောက်ခါစပဲ ရှိသေးပေမဲ့ ဒီဆိုင်ကိုဝယ်လိုက်နိုင်တယ်။ သူ့ဆီမှာ နောက်ခံယွီဝမ်ထုန်ရှိပေမဲ့ စာချုပ်မှာလက်မှတ်ထိုးရုံနဲ့ ဒီဆိုင်ပိုင်ရှင်ဖြစ်လာတယ်။'

"ကျွန်တော့်ကို ဆိုင်ကူရွေးပေးတာ ကျေးဇူးတင်ပါတယ်၊ အထွေထွေဆိုင်ထိုင်။ နောက်ပိုင်းကျရင်လည်း မေးစရာရှိတာလေးတွေ ထပ်မေးပါရစေ။" လင်းကျန်ကပြောသည်။

ဆေးလုပ်ငန်းတွင် သူတို့နှစ်ယောက်စပ်တူလုပ်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်ရာ လင်းကျန်အားအကူအညီပေးရမည်မှာ သူ၏တာဝန်ဖြစ်ပြီး လင်းကျန်အနေဖြင့် ယဉ်ကျေးနေစရာမလိုကြောင်း အထွေထွေဆိုင်ထိုင်ကပြန်ပြောသည်။

ထို့ကြောင့် လင်းကျန်က ဟိတ်ဟန်ထုတ်မနေတော့ဘဲ ပြန်လည်ပြင်ဆင်ရမည့်ကိစ္စများအကြောင်း ဆွေးနွေးကြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now