'တစ်နေ့မှာ ငါလည်းယွီဝမ်ထုန်လို တောင်ထိပ်ထိရောက်သွားရင် ဘယ်လိုမြင်ကွင်းမျိုးကိုမြင်ရမှာလဲ။' လင်းကျန်က ရှာဖွေချင်သကဲ့သို့ ထိပ်ဆုံးတွင်ယွီဝမ်ထုန်နှင့် ရင်ဘောင်တန်းကာ ရှုခင်းတစ်ခုတည်းကို ကြည့်လိုသည်။

ယခုအခါ သူ့ထံတွင် အခွင့်အရေးရှိနေလေပြီ။ ဤသည်ထက် မည်သည့်အရာက ပို၍စိတ်လှုပ်ရှားစရာကောင်းမည်နည်း။

"ထပ် စမ်းကြည့်ရအောင်။" လင်းကျန်က ပြောသည်။

ယွီဝမ်ထုန်က ပြုံးသည်။ လင်းကျန်၏ သူနှင့်တူသောဆာလောင်မှုကို သူခံစားမိသည်။ ထို့အပြင် ယခုတစ်ကြိမ်တွင် လင်းကျန်၏တောင်းတမှုက သူ့အားခံစားချက်တစ်မျိုး ပေးစွမ်းသည်။ လင်းကျန်၏ဆန္ဒကြောင့် သက်ရောက်ခံရသည့်အလား သူသည်လည်း လင်းကျန် သူ့ကဲ့သို့အင်အားကြီးလာမည့်နေ့ကို မျှော်လင့်မိသည်။ ၎င်းက သူ့တစ်ဘဝလုံးတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ဖြစ်မည်ဟု အခိုင်အမာယုံကြည်သည်။

လင်းကျန်က လက်သီးချက်တိုင်းကို အားအပြည့်သုံးပြီးအချက်တိုင်းတွင် သူ့အင်အားကိုပို၍ထင်ရှားစွာခံစားရသည်။ သူ၏ဒန်တျန်းထဲမှထွက်လာသော အနွေးစီးကြောင်းအပြင် သူတစ်ချက်ထိုးလိုက်တိုင်း ၎င်း၏ပြောင်းလဲမှုကို ခံစားရသည်။ ယခုအခါ သူ့ခန္ဓာကိုယ်၏အခြေအနေကို သူသဘောပေါက်လေပြီ။

ယွီဝမ်ထုန်က ခန္ဓာကိုယ်အင်အားနှင့်လင်းကျန်အသားကျလာသည်ကို မြင်၍ အားကုန်သုံးတိုက်ခိုက်ခြင်းထက်ခက်သော ထိန်းချုပ်ပုံကို စသင်ပေးသည်။ သို့သော် မိမိ၏ခန္ဓာကိုယ်ဖြစ်နေရာ လင်းကျန်အတွက် အသားကျရန် မကြာပေ။

"မင်းအခုလေးတင်လုပ်ထားတဲ့ အတွေ့အကြုံနဲ့ဆို မတူညီတဲ့အခြေအနေတွေမှာ ဘာကိုမျှော်လင့်ထားရမယ်၊ အပိုလေ့ကျင့်ရေးမရှိရင် မင်းရဲ့ခန္ဓာကိုယ်ခွန်အားက ဘယ်လိုအခြေအနေရှိမယ်ဆိုတာကို တဖြည်းဖြည်း သိလာလိမ့်မယ်။ အသားမကျသလို ခံစားရတော့မှာ မဟုတ်ဘူး။" ယွီဝမ်ထုန်က ကောက်ချက်ချသည်။

လင်းကျန်က အထာနားလည်သွားသကဲ့သို့ ခံစားရသဖြင့် ခေါင်းညှိတ်ပြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now