190

2.5K 417 6
                                    

အုံကြွလာသော တောင်းတစိတ်
......................................

အစောင့်များကို အခြေအနေရှင်းပြပြီးနောက် လင်းကျန်က ယွီဝမ်ထုန် ညွှန်ကြားသော လေ့ကျင့်ရေးနည်းလမ်းများကိုသုံးကာ လုံးဝအဆင့်သစ်ဖြစ်နေသော ခန္ဓာကိုယ်ခွန်အားကို စတင်ထိန်းညှိလိုက်သည်။

ယွီဝမ်ထုန်က လင်းကျန်ကို ပထမဆုံးလုပ်ခိုင်းသည်မှာ အားကုန်သုံး၍ တိုက်ခိုက်ခြင်းပင်။ "လက်ရှိမှာ မင်းက ကိုယ့်ကိုဘာအန္တရာယ်မှဖြစ်စေမှာမဟုတ်လို့ ကိုယ်ထိခိုက်သွားမှာကို မစိုးရိမ်နဲ့။"

ယွီဝမ်ထုန်က ဤသို့ပြောနေရာ လင်းကျန်ယုံကြည်လိုက်သည်။ သူက အားမထိန်ချန်ဘဲ အစွမ်းကုန်တိုက်ခိုက်လိုက်သည်။

ထိုသို့ဆိုလျှင်ပင် ယွီဝမ်ထုန်က လင်းကျန်၏တိုက်ခိုက်မှုတိုင်းကို တစ်လက်မပင်မရွေ့ဘဲ သစ်ခုတ်သကဲ့သို့ လွယ်ကူစွာတုန့်ပြန်နိုင်သည်။

လင်းကျန် ဆွံ့အသွား၏။

"မင်း ဘယ်လိုခံစားရလဲ။" ယွီဝမ်ထုန်ကမေးသည်။ "အခု မင်းခွန်အားနဲ့ အသားကျသွားပြီလား။"

လင်းကျန်က စိတ်လှုပ်ရှားနေပုံဖြင့် ခေါင်းညှိတ်ပြသည်။ "ကျပြီ ထင်တယ်။"

ယွီဝမ်ထုန်၏ကွန်ဖူးစွမ်းရည် အလွန်ကောင်းသည်ကို သူယခင်ကခံစားရုံသာ ခံစားဖူးသော်လည်း ယခု သူ ပို၍ သိမြင်နားလည်လာသောအခါ သူ၏ကွန်ဖူးပညာက ရေစီးကြောင်းငယ်မျှသာ ရှိပြီး ယွီဝမ်ထုန်၏ကွန်ဖူးပညာက ဧရာမ သမုဒ္ဒရာ ဖြစ်ကြောင်း သိလာရသည်။ သူ၏ ကွန်ဖူးစွမ်းရည်က တောင်ပို့ဖြစ်မည်ဆိုလျှင် ယွီဝမ်ထုန်၏အစွမ်းက မြင့်မားသောတောင်ဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင်ပင် သူယခုကျင့်ကြံနေသော အတွင်းအား စိတ်ကျင့်စဉ်က ယွီဝမ်ထုန်ကိုယ်တိုင်ကျင့်ကြံနေသောကျင့်စဉ်ထက် စွမ်းအားပိုကြီးသည်ဟု ယွီဝမ်ထုန်ကပြောသေးသည်။

ယခုအခါတွင် ရည်မှန်းချက်နှင့်အတူ လှိုင်းထလာသောလိုချင်စိတ်က သူ့နှလုံးအားဖမ်းဆုပ်ထားသည်ကို လင်းကျန်ပထမဆုံးအကြိမ်အဖြစ် ခံစားမိသည်။ မည်သူကမှ အင်အား၊ အထူးသဖြင့် လူတိုင်းထက်သာလွန်သောအင်အားကို ငြင်းမည်မဟုတ်ပေ။ ၎င်းက မွေးရာပါ လိုအင်ဆန္ဒပင်။ လင်းကျန်က စိတ်ထဲတွင်သတ်မှတ်ထားသော သမားရိုးကျ အတားအဆီးကြောင့်သာ ဤသည်ကိုရှင်းလင်းစွာမကြံစည်ခဲ့ခြင်းဖြစ်သည်။ သူက ပြန်လည်မွေးဖွားလာသော်လည်း လက်တုန့်ပြန်လိုစိတ်က သူ့ကိုအင်အားတိုးစေရန် လှုံ့ဆော်နေသည်။ သို့ရာတွင် ယခုတစ်ကြိမ်၌ ကိစ္စများကွာခြားသွားသည်။ ဤသည်က အင်အားကြီးမှုကို ပြတ်သား စစ်မှန်စွာ တောင့်တခြင်းပင်။ သူ့ကိုယ်သူသာလွန်ကာ အထွတ်အထိပ်သို့ရောက်ချင်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now