အပိုင်း(၃၂)

Start from the beginning
                                    

ကျစ်ယွီရှီ ထိုစကားကို တကယ်ယုံကြည်သည်လား မသိရ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျစ်ယွီရှီက အလွန်တည်ငြိမ်စွာ တုံ့ပြန်နေသည်မှာ 'ဂေး'ဟူသည် သူနှင့် ဘာမှမဆိုင်သည့်အလား ။

ကျစ်ယွီရှီက မုတ်ဆိတ်ကြီး၏ပုံများကို လှန်ကြည့်နေကာ ပေါ့ပေါ့ပါးပါး တိုက်တွန်းလာသည် ။ "ဆက်ပြောပါအုံး"

"အိုး" လီချွင်းက ခေါင်းညိတ်ကာ ဂရုတစိုက်ပြောလေသည် ။ "အဲ့တာက ၊ ကျွန်တော်ပြောနေတဲ့လူက လင်ရှင်းလန်ပေါ့ ။ ထျန်းချုံတပ်ဖွဲ့၉က အဖွဲ့ခေါင်းဆောင်လေ "

ထျန်းချုံ တပ်ဖွဲ့၉?

သူတို့ PU-31သို့ စစရောက်ချင်း ပထမဆုံးအကြိမ်အဖြစ် ဆက်သွယ်ရေးစက်ပေါ်မှ မစ်ရှင်အသေးစိတ်ကို မြင်သောအခါ သွမ့်ဝမ်သည်လည်း တပ်ဖွဲ့၉မှ စနောက်လိုက်ခြင်းဟု သံသယရှိခဲ့ကြောင်း ကျစ်ယွီရှီ အမှတ်ရလိုက်သည် ။

လီချွင်း : "ကျွန်တော် ကြားဖူးတာတော့ သူနဲ့ခေါင်းဆောင်စုန့်က ထျန်းချုံးကို အချိန်အတူတူလောက်ပဲ ဝင်ခဲ့ကြတာတဲ့ ။ သူတို့နှစ်ယောက် ကျောင်းသားတွေတုန်းကဆို နှစ်ယောက်လုံးကို အလားအလာရှိတဲ့ ကျောင်းသားတွေလို့ မကြာခဏအတူတွဲပြောကြပြီး 'လန်နှစ်လန်duo'လို့ သိကြတာ ။ နောက်တော့ လင်ရှင်းလန်က ခေါင်းဆောင်စုန့်ကို လူသိရှင်ကြား လိုက်ပိုးတာလေ ။ ပြီးတော့ သူအပြတ်ငြင်းခံလိုက်ရတော့ ခေါင်းဆောင်စုန့်ကို သေချာပေါက် သူ့အပိုင်ဖြစ်အောင်လုပ်မယ်ဆိုပြီး ကျိန်ခဲ့သေးတာ ။ ခေါင်းဆောင်စုန့်က အဖြောင့်ဆိုတော့ အဲ့ဒီကတည်းက သူ့ကို နည်းနည်းခပ်ခွာခွာနေပေမဲ့ လင်ရှင်းလန်က ဇွဲကောင်းကောင်းနဲ့ ဆက်လိုက်တာဗျာ ။ မနက်စာလာပေးတာတွေရော ၊ အလုပ်ပြီးတော့ စောင့်နေသေးတာတွေရော အစုံပဲ ။ အဲ့မှာ ခေါင်းဆောင်စုန့်မရှိတဲ့ တစ်ခေါက် လင်ရှင်းလန်က ခေါင်းဆောင်စုန့်ရုံးခန်းထဲကနေ အဝတ်ဖရိုဖရဲနဲ့ထွက်လာတာကို တစ်ယောက်က မြင်လိုက်တယ်လေ ။ အဲ့ဒီနှာဘူးကောင်က ခေါင်းဆောင်စုန့်ရုံးခန်းထဲ ဒီလောက်အကြာကြီး တိတ်တိတ်လေး ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူသိမှာလဲ.....  "

စုန့်ချင်းလန်က ဂေးများ ဝင်ထွက်ဖူးသည့် အခန်းများကို ပိုးသတ်ဆေးဖြန်းရန်လိုသည်ဟု ပြောသည်မှာ မဆန်းဟု ကျစ်ယွီရှီ တွေးလိုက်မိသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now