189

2.5K 435 16
                                    

စိတ်စွမ်းအားကျင့်စဉ်ကို အောင်မြင်စွာ နားလည်ခြင်း
.................................................................

ယွီဝမ်ထုန်က နှိုင်းချင့်ရမည်ဟုပြောရာ လင်းကျန်သည်လည်း ပေါ့ပေါ့ပါးပါး မမှတ်ယူရဲပေ။

"အခု မင်းမှာအချိန်ရှိတယ်ဆိုတော့ စမ်းကြည့်သင့်တယ်။" ယွီဝမ်ထုန်က အကြံပေးသည်။

လင်းကျန်က ယွီဝမ်ထုန်၏ရှင်းပြချက်ကို ကြားကတည်းကပင် စမ်းကြည့်ချင်နေခဲ့သည်။ ထောင်စုနှစ်ဂိုဏ်းမှအဖွဲ့သားက သူ့အား ဤအတွင်းအားကျင့်စဉ် ပေးသွားသည့်အကြောင်းရင်းကို မသိရသော်လည်း အလွန်အကူအညီပေးနိုင်သည့် ဤလက်ဆောင်ကို  ဂရုမစိုက်လျှင် ဖြုန်းတီးရာကျလိမ့်မည်။ ထို့ကြောင့် သူကခေါင်းညှိတ်လိုက်သည်။ "ကောင်းပါပြီ။"

ယွီဝမ်ထုန်က ကျင့်စဉ်၏သုံးပုံတစ်ပုံကို ဖတ်ပြီးနောက် ဆက်မဖတ်နိုင်သော်လည်း လင်းကျန်ကို အခြေခံမျှသင်ပေးရန် တတ်နိုင်သးသည်။

ထန်းယန်၌ရှိစဉ်တွင် ယွီဝမ်ထုန်က လင်းကျန်၏သွေးကြောများကိုချဲ့ကာ အတွင်းအားကိုခံစားခိုင်းပြီး ၎င်းကမည်သည့်အလုပ်လုပ်ကြောင်း ပြသခဲ့ပြီးသားပင်။ ဤလျှို့ဝှက်ကျင့်စဉ်နှင့် ယွီဝမ်ထုန်၏ကူညီမှုတို့ပေါင်းလိုက်သောအခါ လင်းကျန်က မကြာခင်သဘောပေါက်သွားပြီး ခန္ဓာကိုယ်အတွင်း၌ ချီစွမ်းအားလှည့်လည်ပုံကို သင်ယူရရှိသွားသည်။

လင်းကျန်၏ သင်ယူနားလည်နိုင်စွမ်း ထူးခြားကြောင်းကို ထန်းယန်၌ရှိစဉ်ကတည်းပင် သိခဲ့သည့် ယွီဝမ်ထုန်မှာ လင်းကျန်၏ မြန်မြန်သဘောပေါက်သွားပုံကိုတွေ့ကာ တိတ်တဆိတ်အံ့ဩမိပြန်သည်။ 'လင်းကျန်သာ ဒီစိတ်ကျင့်စဉ်ကို နှစ်နည်းနည်းလောက်စောပြီး လေ့ကျင့်ခဲ့ရင် သူ့ရဲ့လက်ရှိအတွင်းအားက ငါ့ထက်အားနည်းမှာမဟုတ်ဘူး။' သူ တွေးမိသည်။

ထိုအချိန်တွင် လင်းကျန်က သွေးကြောထဲ၌ ဖြည်းညင်းစွာ လည်ပတ်နေသည့် အနွေးဓာတ်ကို ခံစားရင်း သက်တောင့်သက်သာရှိနေသည်။ တကယ်တမ်းတွင် တိုတိုနှင့်လိုရင်းရောက်သော ဤစိတ်ကျင့်စဉ်ကို နားလည်ရန် အနည်းငယ်ခက်ခဲသော်လည်း ယွီဝမ်ထုန်က အခေါ်အဝေါ်တစ်ခုချင်းစီကို ရှင်းပြပေးရာ ပြဿနာမရှိချေ။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now