"ဒီအမေကြောင့် သက်ပြင်းကလေးဘာမှမဖြစ်ခဲ့လို့တော်သေးပါရဲ့..."
"မမခင်....မမခင်....ခင်လား..."
ဗိုက်ကလေးကို ကိုင်ပြီးစကားပြောတုန်း ချစ်လွန်းကို၏အသံကြောင့် ရုတ်တရက်ငြိမ်ကျသွား၏။
"ကျုပ်မေးနေတယ်လေ...မမခင်..."
အပေါ်ထပ်ကနေဆင်းလာသည့် အသံနဲ့တူ စကားသံတွေပါ ဝေဝါးနေတာကြောင့် ခင်လည်း အခန်းတံခါးဖွင့်ပြီး ထွက်လာခဲ့သည်။ အပြင်ရောက်တော့ ချစ်လွန်းကိုက လှေကားတစ်ဝက်မှာသာ ရှိနေသေး၏။ ပြီးမှ ခင်ရှိသည့်ဘက်ကိုလှည့်ကာ ခင့်ကိုမြင်ပုံရသည်။ ဒီတော့မှ အောက်ကိုမြန်မြန်ဆင်းလာ၏။
"ဘာလို့အော်ခေါ်နေတာလဲ"
ခင်ကမေးတော့ သူက ထူးဆန်းသလို ခင့်ကိုကြည့်နေသေးသည်။
"စောစောက ခင်ဗျားကျုပ်အခန်းရှေ့ကိုဘာလာလုပ်တာလဲ"
"ကြံကြီးစည်ရာ...မလာပါဘူး။ ကိုယ့်ဘာသာအခန်းထဲမှာ ခါးနာလို့ထိုင်နေတာ"
"သေချာလား"
"မယုံလည်းမတတ်နိုင်ဘူး....ပြီးတော့...ဟို..."
ဒီအိမ်နဲ့ပတ်သတ်ပြီး ပြောချင်ပေမဲ့ မယုံမကြည်ဘဲ ခင့်ကိုပင် ပြန်၍ လှောင်မည်ကိုတွေးမိကာ ပြောမည့်စကားကိုရပ်တန့်လိုက်သည်။ ချစ်လွန်းကို မျက်လုံးတွေက ခင့်ကို စူးစမ်းသလိုကြည့်နေစဲပင်။
"ဘာဖြစ်လို့လဲ ဆက်ပြောလေ"
"ဘာမှမဟုတ်တော့ဘူး...မိုးတအားချုပ်နေပြီ၊ အိပ်တော့မယ်"
"နေဦး"
ခင်က အခန်းထဲပြန်ဝင်ဖို့လုပ်တော့ သူကလက်ကလေး ဖမ်းဆွဲထားလေသည်။
"ဘာပြောမလို့လဲ"
"ဘာမှမဟုတ်ဘူး...အခန်းထဲလိုက်ပို့မလို့"
"နေပါစေ...မလိုဘူး"
ပြောရင်းနဲ့ ချစ်လွန်းကိုရဲ့လက်ကိုခါထုတ်ကာ အခန်းထဲဝင်သွားလေသည်။ ခင်က မလိုဘူးပြောပေမဲ့ သူက အနောက်ကလိုက်ဝင်ရင်း ခုတင်ပေါ်မှာ ခင်အိပ်လိုက်သည်ထိ ကြည့်နေသေးသည်။ ခုတင်ဘေးမှာ ထိုင်ရင်း အခန်းထဲကိုလည်း လှည့်ပတ်ကြည့်နေသည်။ ပြီးမှ ခင့်မျက်နှာကိုငုံ့ကြည့်ကာ....
BINABASA MO ANG
ရွှေလက်ဖြင့်သာ ခေါ်တော်မူ
Romanceမိသားစုရဲ့ ဥပေက္ခာတွေကြောင့် ဆိုးသွမ်းနေတဲ့အမျိုးသမီးနဲ့ သူမကို နည်းနည်းလေးမှကြည့်မ ရသည့် ကောင်လေးတို့ မထင်မှတ်ထားဘဲမှားမိရာကနေ သူတို့နှစ်ယောက်ဘဝထဲကိုကလေးလေး ရောက်လာသောအခါ...
zgyi
Magsimula sa umpisa