188

3.1K 473 8
                                    

လျှို့ဝှက်ချက်အချို့ကို ရိုးရိုးသားသား ပြောပြခြင်း
..............................................................

"မြွေဆိပ်ကို ဒီကျောက်စိမ်းပြားနဲ့ ဖြေလိုက်တာ။" လင်းကျန်က လည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းပြားကိုထုတ်ပြသည်။

ယနေ့မနက်တွင် ယွီဝမ်ချီ၏အဆိပ်ရှိမြွေ ကိုက်ပြီးနောက် သူက ဤဆေးကျောက်စိမ်းပြားကိုသုံး၍ အဆိပ်ဖြေခဲ့ရာ ယွီဝမ်ထုန်အား ရှင်းပြရမည်ဟု ခံစားရသည်။

"ဒါက ဆေးကျောက်စိမ်းလား။" ယွီဝမ်ထုန်က လင်းကျန်၏လည်ပင်းတွင်ဆွဲထားသော အစိမ်းရင့်ရောင်ကျောက်စိမ်းကို အံ့အားသင့်စွာကြည့်သည်။ သူက လင်းကျန်ထံတွင် ဤကျောက်စိမ်းပြားရှိသည်ကိုသိသော်လည်း ၎င်းကအဆိပ်မျိုးစုံကို ဖြေနိုင်သောဆေးကျောက်စိမ်းဟု မသိချေ။

လင်းကျန်က ခေါင်းညှိတ်သည်။ "ကျွန်တော့်အမေ ထားခဲ့တာ။"

'လင်းကျန်ရဲ့အမေလား။' ယွီဝမ်ထုန်က ယောင်ရိစုံစမ်းရရှိသောအချက်များအကြောင်း ပြန်တွေးမိသည်။ လင်းကျန်းအမေက လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် ဆုံးပါးသွားခဲ့သည်။ ထိုအချိန်တွင် လင်းကျန်ကငယ်သေး၏။ သူမ၏မျိုးရိုးက အနည်းငယ်ထူးဆန်းသည်။ သူမကို လင်းကျောက်ဝူကယ်တင်ခဲ့သော မျိုးရိုးနာမည်ကျိနှင့် မိဘမဲ့မိန်းကလေးဟု လင်းမိသားစုဝင်များက ဆိုသော်လည်း အခြားသတင်းအချက်အလက်များကို မသိရချေ။ နှစ်ပေါင်းများစွာကြာပြီဖြစ်ရာ အချက်အလက်များကို သေချာစိစစ်ရန် နည်းလမ်းမရှိချေ။

သို့သော် ယခုအခါတွင် မိဘမဲ့မိန်းကလေးဟုဆိုသူက အဆိပ်အမျိုးမျိုးကိုဖြေနိုင်သည့်ကျောက်စိမ်းအား ပိုင်ဆိုင်ထားသူဖြစ်နေသည်။ 'ကြည့်ရတာ လင်းကျန်အမေရဲ့နောက်ကြောင်းက လူတွေသိသလို မရိုးရှင်းပုံပဲ။' ယွီဝမ်ထုန်ကတွေးသည်။

"ဒီကျောက်စိမ်းပြားရဲ့ဆေးအစွမ်းက လျော့လာတယ်။ ကျွန်တော် ငယ်ငယ်တုန်းကဆို ဆေးနံ့တော်တော်ပြင်းပေမဲ့ အခုတော့ဖျော့နေပြီ။ ဒါပေမဲ့ မြွေဆိပ်ကိုဖြေနိုင်လို့ တော်သေးတယ်။" လင်းကျန်က ကံကောင်းသည်ဟုခံစားရကာ ပြောသည်။ ဤဆေးကျောက်စိမ်းကြောင့်သာမဟုတ်လျှင် သူသေခြင်းတရားမှ လွတ်မည်မဟုတ်ပေ။ "ကျွန်တော်အဲ့နေ့တုန်းက ယွီဝမ်ချီဆီမှာရခဲ့တဲ့ အနံ့ဆိုးဆိုးကလည်း ဒီမြွေကြောင့်ပဲဖြစ်မယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now