အပိုင်း(၂)

Start from the beginning
                                    

စုန့်ချင်းလန်သည် ရွှေ့ပြောင်းခန်းမှ ထွက်လိုက်ပြီး မိနစ်အနည်းငယ် လမ်းလျှောက်ပြီးသည့်နောက်တွင်တော့ အဖြူရောင် နံရံရှေ့တွင် ရပ်တန့်လိုက်၏ ။ သူနံရံကို အသာ ဖိလိုက်သောအခါ မမြင်ရသော တံခါးတစ်ချပ်က ပွင့်ဟသွားလေသည် ။

"ဒုန်း !"

အခန်းထဲရှိ လူများမှာ ထိတ်လန့်သွားရပြီး သူ့ကို လှည့်ကြည့်လာကြသည် ။

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ဌာနမှူး၏ ဘေးတွင် တစ်စုံတစ်ယောက် ရပ်နေခဲ့သည် ။

ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ပြတင်းပေါက်၏ အပြင်ဘက်တွင်တော့ ထွန်းလင်းတောက်ပသော စက်ဝိုင်းခုံးသဏ္ဍာန် မြင်ကွင်းရှိသည် ။ ထိုအရာမှာ ကျယ်ပြန့်သော စကြဝဠာအတွင်းရှိ နဂါးငွေ့တန်းနှင့်ပင် ခပ်ဆင်ဆင်တူနေသေး၏ ။

ပြတင်းပေါက်ရှေ့ရှိ လူက အဖြူရောင် သာမန်ရှပ်အင်္ကျီနှင့် သူ့၏ သေးသိမ်သောခါးကို ပေါ်လွင်စေသည့် ဘောင်းဘီအနက်ကို ဝတ်ဆင်ထားသည် ။ သူသည် အရပ်ရှည်ကာ တည်ကြည်ပြီး နှင်းထူသော ရေကန်ဘေးမှ ထင်းရှူးပင်ကို အမှတ်ရစေသည် ။

တောက်ပနေသည့် ကြယ်အလင်းရောင်က ဒီလူ၏ အသားအရည်ကို ပိုဖြူဖျော့သွားစေ၏ ။ သူ၏ ဖြောင့်စင်းသောနှာတံ ၊ တောက်ပသောမျက်ဝန်း ၊ သူ့မျက်နှာသွင်ပြင်အကုန်လုံးက သေသပ်တိကျစွာ..အထူးသဖြင့်  ထိုလှပသည့်အသွင်ရှိသော နှုတ်ခမ်းများပင် ။ အလင်းရောင်များက ကျော့ရှင်းပြီး အသရေတင့်သည့် ထိုမျက်နှာကို ပိုလို့ပင် ထင်သာမြင်သာရှိအောင် ပံ့ပို့ပေးနေ၏ ။

မေ့ပျောက်နိုင်ဖွယ်ရာမရှိခဲ့ ။

ထိုသူ့ကိုမြင်လိုက်သည့်အခိုက် စုန့်ချင်းလန်က သူ့အဖွဲ့သားများ လေ့ကျင့်ရေးခန်းထဲတွင် ပြောနေသည့်စကားများကို ဘာရယ်မဟုတ် သတိရသွားသည် ။

"ငါတို့သူ့ကို မတိုက်ခိုက်တတ်ဘူး ပြောတုန်းက သူမလာဘူး ၊  ငါတို့သူ့ကို အလှခေါင်းအုံးလို့ ​ခေါ်တုန်းကလဲ သူမလာဘူး ၊ ဒါပေမဲ့ ငါတို့တစ်ဖွဲ့လုံးက ဂေးမုန်းတီးတဲ့သူတွေလို့ပြောတာနဲ့ သူရောက်ချလာတယ် ၊ သူငါတို့ကို စိန်ခေါ်ဖို့ လာတာလား.. သူ့ဆွဲဆောင်မှုတွေကို ပြဖို့လာတာလားဆိုတာ ဘယ်သူသိမှာလဲ !"

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now