187

2.4K 464 32
                                    

ယွီဝမ်ကျီ၏ရွေးချယ်မှု
............................

ယွီဝမ်ကျီထံတွင် စိုက်ကြည့်ခံနေရသည့် ယွီဝမ်ထုန်က မယိမ်းယိုင်သွားပေ။ "ဘာဖြစ်မလဲဆိုတာက ဦးလေးရဲ့ရွေးချယ်မှုပေါ်ပဲ မူတည်တယ်။"

တကယ်တမ်းတွင် လင်းကျန်သည်လည်း အနည်းငယ်အံ့ဩနေ၏။ သူက ယွီဝမ်ချီ၏အမှားကိုအသုံးချကာ ယွီဝမ်ကျီတို့ကို မာနချစေပြီး သူ့အား အချိန်တိုင်း ပြဿနာမရှာစေရန် ရည်ရွယ်ခဲ့သည်။ ယနေ့ကဲ့သို့ အကြိမ်အနည်းငယ်မျှထပ်ဖြစ်လျှင် သူတကယ်အသတ်ခံရနိုင်သည်။ ယွီဝမ်ကျီအား ယွီဝမ်ထုန်ပေးသော ရွေးချယ်မှုများမှာ အံ့ဩစရာကောင်းသော်လည်း ၎င်းက ဤပြဿနာအတွက် ဖြေရှင်းချက်ကောင်းပင်။ ယွီဝမ်ကျီသာ သူတို့မိသားစုစံစားနေသော ထင်ပေါ်ကျော်ကြားမှု၊ ကြွယ်ဝမှုနှင့် ဂုဏ်အဆင့်အတန်းများကို ထိန်းသိမ်းလိုလျှင် သားအရင်းအား အပြစ်ပေးကာ သူတစ်ပါးအရေး ဝင်စွက်ဖက်တတ်သူအဖြစ်မှ ရပ်ရလိမ့်မည်။ သူ့သားကို ဆက်လက်သန်စွမ်းစေလိုလျှင်မူ ယွီဝမ်ထုန်နှင့်လမ်းခွဲရလိမ့်မည်။ ထိုအခါတွင်လည်း ယွီဝမ်ကျီက ယွီဝမ်ထုန်၏ကိစ္စတွင် ဝင်ပါခွင့်မရှိပေ။ ရလဒ်အနေဖြင့် ယွီဝမ်ကျီက မည်သည်ကိုရွေးသည်ဖြစ်စေ ဝင်စွက်ဖက်ခြင်းကို ရပ်ရလိမ့်မည်။

ယွီဝမ်ကျီက ထိုရွေးချယ်မှုနှစ်ခုလုံးကို မကြိုက်သော်လည်း ဤကိစ္စအား ဆုံးဖြတ်ခွင့်ရှိသူမှာ ယွီဝမ်ထုန်ပင်။

"အား..."

ယွီဝမ်ချီ၏ခြေထောက် ကျိုးသွားသည်။ ယွီဝမ်ကျီကိုယ်တိုင် ချိုးလိုက်ခြင်းပင်။ ကျန့်ရှီက သူမ၏ခင်ပွန်းကို အချိန်မှီမတားလိုက်နိုင်ပေ။

"ချီအာ၊ ငါ့ချီအာလေး။ မင်းရဲ့အဖေက ဘာလို့ဒီလောက်အကြင်နာမဲ့ရတာလဲ။" ကျန့်ရှီက သူမ၏သားမှာ ခြေထောက်ကျိုးရုံသာမက အသက်ဆုံးရှုံးသွားသကဲ့သို့ ကျယ်လောင်စွာငိုကြွေးနေသည်။ သူမ၏ဘေးတွင်ရပ်နေသော စုယောင်ယောင်က အလွန်ဖြူဖျော့နေသည်။ မြေကြီးပေါ်၌ လဲကာငိုယိုနေသော ယွီဝမ်ချီကိုမြင်ရုံဖြင့် အရိုးထိတိုင် နာကျင်ကာ ယွီဝမ်ထုန်ကို ထပ်မကြည့်ရဲတော့ပေ။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now