186

2.3K 478 13
                                    

ယွီဝမ်ထုန်ပေးသော ရွေးချယ်မှုများ
...........................................

လင်းကျန်က ကျန့်ရှီကို ကြည့်ပင်မကြည့်ချေ။ သူက သူမကိုလစ်လျူရှုထားပြီး ယွီဝမ်ကျီကို အေးစက်စွာ ပြောလိုက်သည်။ "အရာရှိယွီဝမ်ခင်ဗျ၊ ယွီဝမ်မိသားစုဝင်တွေက ကျွန်တော်နဲ့ယွီဝမ်ထုန်စေ့စပ်ထားတာကို သဘောတူဘူးဆိုရင်တောင် ကျွန်တော့်ကိုတွေ့တာနဲ့ အဆိပ်ခတ်ဖို့မလုပ်သင့်ဘူးမလား။ ဒါမှမဟုတ် ယွီဝမ်မိသားစုက တစ်ချိန်လုံး ဒီလိုပဲရည်ရွယ်နေတာလား။"

ယွီဝမ်ကျီက လင်းကျန်နှင့်ယွီဝမ်ထုန်တို့ ဝင်လာစဉ်တွင် လင်းကျန်ကို လစ်လျူရှုခဲ့သည်။ သူက လင်းကျန်ကို မမြင်သောကြောင့်မဟုတ်ဘဲ လင်းကျန်အား အထင်သေးပုံကို ပြသကာ အရှက်ခွဲချင်ခဲ့၍ သတိမထားမိဟန်ဆောင်ခဲ့သော်လည်း ယခုအခါ ကြည့်လိုက်ရသည်။ "မင်းရဲ့အဲ့ဒီစကားက ဘာသဘောလဲ။"

"ကျွန်တော်ဘာသာကျွန်တော် လမ်းသွားနေတာကို ယွီဝမ်ချီကပေါ်လာပြီး ကျွန်တော့်ကိုဒုက္ခိတဖြစ်အောင်ရိုက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ သူက ယွီဝမ်ထုန်ရဲ့ကိုယ်ရံတော်ဆီမှာ အဖမ်းခံရတော့  ကျွန်တော့်ဆီ အဆိပ်ရှိတဲ့မြွေလွှတ်ပြီး ကိုက်ခိုင်းတယ်။ ဘယ်အဆိပ်မဆိုဖြေနိုင်တဲ့ ဆေးသာမဆောင်ထားရင် ကျွန်တော် လမ်းပေါ်မှာသေနေလောက်ပြီ။ ခင်ဗျားတို့ ယွီဝမ်မိသားစုဝင်တွေက ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးလုပ်တဲ့နေရာမှာ တကယ်တော်တယ်။ အပြင်လူတွေရှိနေချိန်မှာ ခင်ဗျားက ခင်ဗျားအဖေရဲ့အသက်ကိုကယ်ခဲ့တဲ့ ကျွန်တော့်အဖိုးရဲ့ကျေးဇူးကိုမမေ့ရဲတာမို့ သင့်တော်အောင်ပြန်ပေးဆပ်မယ်လို့ပြောပြီး တခြားလူတွေမရှိတဲ့အချိန်ကျ ခင်ဗျားရဲ့သားက ကျွန်တော့်ကို နည်းမျိုးစုံနဲ့သတ်ဖို့ပြင်တယ်။ သူက ကျွန်တော့်ကို မရိုက်နိုင်တော့ အဆိပ်ခတ်ဖို့လုပ်တယ်။ ကျွန်တော် တော်တော်အမြင်ကျယ်ရပါတယ်။"

လင်းကျန်က ယွီဝမ်ထုန်ကို ထေ့ငေါ့၍ကြည့်နေသည်။ "ဒါကို ဘယ်လိုရှင်းပြမလဲ၊ အရာရှိယွီဝမ်။ ဒီလိုတွေဖြစ်ပျက်ပြီးတဲ့နောက် ကျွန်တော်က တရားမျှတမှုလာမရှာရဘူးလား။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now