185

2.1K 461 24
                                    

ယွီဝမ်ချီ၏ အဆိပ်ပြင်းမြွေ
..................................

"မင်းက သေဖို့တောင်းဆိုနေတာပဲ၊ လင်းကျန်။"

ယခုအချိန်တွင် ယွီဝမ်ချီ၏မျက်သားများရဲနေပြီး သတ်ဖြတ်လိုစိတ်ပြင်းပြနေသည်။ ချောက်ချားဖွယ်ရာ အပြာရောင်မြွေငယ်တစ်ကောင်က လျှပ်စီးကဲ့သို့ ရုတ်တရက်ထွက်လာကာ လင်းကျန်၏လက်ကောက်ဝတ်ကို ပေါက်လိုက်သည်။

"သခင်လေး။"

"ညီလေးကျန်။"

ကျန်းလျှို၊ ဝမ်တရှန်နှင့် ထောင်ရိတို့ ထိတ်လန့်သွားကြသည်။ ထိုမြွေမည်သို့ပေါ်လာသည်ကို သူတို့မတွေ့လိုက်သကဲ့သို့ မည်သူမှလည်းချက်ချင်း မတားလိုက်နိုင်ပေ။ ထို့အပြင် ဤမြွေက အနံ့ဆိုးဆိုးထုတ်နေပြီး အရောင်မှာလည်း ထူးဆန်းသည်။ ၎င်းက အဆိပ်ရှိသည်ကို လူတိုင်းပြောနိုင်၏။ အဆိပ်ရှိမြွေအများအပြားတွင် ချက်ချင်းသေစေနိုင်သော အဆိပ်ပြင်းပြင်းရှိသည်။

လင်းကျန်ကလည်း မြွေတစ်ကောင်ရုတ်တရက်ထွက်လာကာ သူ့ကိုကိုက်မည်ဟု မထင်ထားသဖြင့် သတိလက်လွတ်ဖြစ်မိသည်။ အဆိပ်ရှိမြွေ၏ အစွယ်ချွန်ချွန်များက သူ၏လက်ကောက်ဝတ်အသားကို ဖောက်သွားသည်။ ၎င်းက သူ့ကိုစူးခနဲနာသွားစေရုံသာမက သူ၏လက်တစ်ချောင်းလုံး ချက်ချင်းထုံလာရာ ဤမြွေမည်မျှအဆိပ်ပြင်းကြောင်း သိနိုင်သည်။ လင်းကျန် မူးဝေလာကာ အနည်းငယ်ယိုင်သွားပြီး အမြင်ဝေဝါးလာသည်။

ဝမ်တရှန်က လက်ထဲမှစာအုပ်များကိုပစ်ချကာ လင်းကျန်၏ခန္ဓာကိုယ်ကို ထောင်ရိနှင့်အတူထိန်းပေးသည်။  သူက အဆိပ်ရှိမြွေ၏လည်ပင်းကို မြန်မြန်ဖမ်းဆွဲလိုက်သည်။ သူက အားပြင်းပြင်းဖြင့်လှမ်းဆွဲလိုက်ရာ မြွေလည်ပင်းကျိုးသွားသည်။ ထို့ကြောင့် မြွေကလင်းကျန်၏လက်ကောက်ဝတ်ကို လွှတ်လိုက်သော်လည်း အစွယ်များက လင်းကျန်၏အသားထဲ၌ နစ်နေဆဲပင်။ ဝမ်တရှန်က မြွေကိုဖယ်ကာ မြေကြီးပေါ်သို့ပစ်ချပြီး ဆောင့်နင်းလိုက်သည်။

ယွီဝမ်ချီကိုချုပ်ထားရန်သာ အာရုံစိုက်နေခဲ့သည့် ကျန်းလျှိုက ၎င်းကိုကန်ထုတ်ကာ လင်းကျန်ကိုမြန်မြန်သွားစမ်းသပ်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now