183

2.3K 456 5
                                    

စုမိသားစုမှ မိန်းမပျို
..........................

လင်းကျန်က ထောင်ရိကို သူ၏ကြင်နာမှုအတွက် ကျေးဇူးတင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုကို ပို၍ထင်ရှားစွာနားလည်လာသည်။ သူနှင့်ယွီဝမ်ထုန်တို့လက်ထပ်မည်ကို ယွီဝမ်ကျီမှ သဘောမတူခြင်းအား ဤမြို့မှလူအားလုံး သိသွားကြပြီဖြစ်ကာ သူ၏လုပ်ရပ်က အချို့လူများ၏အမြင်တွင် ပိုးဖလံမျိုး မီးကိုတိုးခြင်းနှင့် မခြားပေ။

"ဒါပေမဲ့ မင်းလုပ်သွားတာ တကယ်ကောင်းတယ်။" ထောင်ရိက ခေါင်းစဉ်ပြောင်းကာ လင်းကျန်ကိုချီးကျူးလိုက်သည်။

"ဘယ်လိုမျိုးလဲ။"

"ပထမတုန်းကကျ မင်းက မင်းသမီးကိုးကို မြို့ဝင်ပေါက်မှာ ရင်ဆိုင်ပြီး နန်းတော်ဝင်ပေါက်က အတင်းပြောတဲ့လူတွေကိုလည်း အနိုင်ယူခဲ့တယ်။ ပြီးတော့ မင်းက ယွီဝမ်ကျီကို ထိပ်တိုက်တွေ့ပြီး သူ့ခင်မျာ အမြတ်မထွက်သွားရှာဘူး။ ဒီကိစ္စတွေက သတင်းပျံ့နေပြီ။ အဓိကကတော့ အရှင်ဧကရာဇ်က မင်းသမီးကိုးကို မင်းကိုလုပ်ကြံဖို့ ကြံစည်ခဲ့တဲ့အတွက် တရားသွားကျင့်ခိုင်းလိုက်တာက လူတွေအများကြီးကို လန့်စေတယ်။ မင်းမြို့တော်ကိုမရောက်ခင်ကဆို ဒီမြို့တော်မှာအခြေအနေကမတူဘူး။ မင်းရောက်တာနှစ်ရက်တောင်မပြည့်သေးပေမဲ့ မြို့တော်ထဲမှာရှိတဲ့လူအားလုံးက မင်းနဲ့ပြဿနာတက်လို့ မကောင်းဘူးဆိုတာကို သိသွားပြီ။"

ထောင်ရိက ထိုသို့ပြောနေစဉ်တွင် လင်းကျန်ကို ချီးကျူးဖွယ်ကြည့်နေသည်။ သူကလင်းကျန်၏ လုပ်နိုင်စွမ်းကို အားရကျေနပ်နေမှန်း သိသာ၏။

"ကျွန်တော် လိုချင်တာလည်း ဒါပဲလေ။"

ထိုလူများကိုဟန့်တားခြင်းက လင်းကျန်အလိုရှိသည့်အရာပင်။ သူက ပျော့ညံ့သည့်ပစ်မှတ်မဟုတ်မှန်း သိမှသာ အခြားလူများက သူ့ကိုဒုက္ခမပေးခင် နှစ်ကြိမ်စဉ်းစားမည်ဖြစ်သည်။

သူငယ်ချင်းဟောင်းနှစ်ယောက်က ယဉ်ကျေးဟန်ဆောင်မနေဘဲ ယခင်ကနေ့များအကြောင်း ဆက်ပြောကြသည်။ ခဏအကြာတွင် ထောင်ရိက လင်းကျန်ကို မြို့တော်ထဲမှ နာမည်ကြီးစားသောက်ဆိုင်သို့ ခေါ်သွားမည်ဟုပြောသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now