181

2.4K 459 6
                                    

သူက တကယ်ပါရမီပါတယ်။
...................................

စားပွဲပေါ်တွင် ပင်အပ်ငယ်များကို စီထားသည့် ပိတ်စရှည်တစ်ခုအား ဖြန့်ထားသည်။ ဤပင်အပ်များသီးသန့်ကပင် အစောင့်များ၏သွေးများကို အေးစက်သွားစေ၏။ ဘေးတွင်လည်း ဖော်ပြ၍မရနိုင်လောက်သည်အထိ ထူးထူးဆန်းဆန်းအနံ့ထွက်နေသော အမည်းရောင်ဆေးရည်ထည့်ထားသည့် ရေချိုးကန်တစ်ခုရှိသည်။ အထဲမှဆေးရည်က အဆိပ်ရှိပြီး ဝမ်တရှန်တို့က ဆေးရည်အပေါ် တုံ့ပြန်နိုင်မှုအားစစ်ဆေးရန် တစ်ယောက်ချင်းဝင်ကြည့်ရမည်ဟု ရှဲ့ရှီကပြောသည်။ ၎င်းတို့အပြင် ရှဲ့ရှီက အဆိပ်များ၊ ဖြေဆေးများပါသော ဘူးများ၊ အိုးများကိုလည်း အတော်များများပြင်ဆင်ထားသည်။ ဝမ်တရှန်တို့က ပါဝင်ပစ္စည်းများကို မိမိစဉ်းစားနိုင်သမျှနည်းလမ်းမျိုးစုံဖြင့် စူးစမ်းကာ ဖြေဆေးဟုထင်သည့်အရာများအား မျိုချ၍ အကြောင်းပြချက်ပေးရမည်ပင်။

အခြားတစ်နည်းဖြင့်ပြောရလျှင် သူတို့က အဆိပ်ကိုမှားယွင်းသောက်မိနိုင်သည်။

ဝမ်တရှန်တို့ကိုမပြောနှင့် ယောင်ရိတို့ပင် ရှဲ့ရှီပြင်ဆင်ထားသောအရာများကို မြင်သောအခါ အနည်းငယ်ကြောက်လန့်သွားကြသည်။ ယင်းတို့အားလုံးကိုကျော်ဖြတ်နိုင်သူက အလွန့်အလွန်ကံကောင်းသည်ဟု ယူဆရမည်။ ဝမ်တရှန်တို့မှာ စိုးရိမ်ထိတ်လန့်လွန်းသဖြင့် ချွေးတဒီးဒီးကျကာ အဝတ်များစိုရွှဲနေသည်။ သူတို့က အမှားနည်းနည်းလုပ်မိရုံဖြင့် ကြွသွားမည်ကိုကြောက်နေကြသည်။ ရလဒ်အနေဖြင့် ယွဲ့ချီရောက်လာသောအခါ အားလုံးက သူ့ကိုကယ်တင်ရှင်ကဲ့သို့ မျှော်လင့်တကြီးကြည့်နေကြသည်။

စကားပြောရန်ပြင်နေသည့် ယွဲ့ချီက သူတို့၏အကြည့်ကြောင်ံ့ မှင်တက်သွားကာ ကြိုးထိုးလာသည်။ "ဘာ...ဘာလို့ ငါ့ကို ဒီလိုကြီး ကြည့်နေကြတာလဲ။"

"မင်း ဒီမှာဘာလာလုပ်တာလဲ။" ရှဲ့ရှီက သူ့ကို စိတ်မရှည်စွာ စွေကြည့်သည်။

ယွဲ့ချီက ပင်မအိမ်ရှီရာသို့ ညွှန်ပြကာ ပြန်ပြောသည်။ "စစ်သူကြီးနဲ့ သခင်လေးလင်းတို့ ပြန်ရောက်ပြီ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now