180

2.8K 511 9
                                    

သဘောထားကွဲလွဲမှု
.........................

ယွီဝမ်ထုန်နှင့် ယွီဝမ်ကျီက တကယ်တမ်းတွင် ရင်းရင်းနှီးနှီးမရှိကြပေ။ ယခင်ကဆိုလျှင် ယွီဝမ်ထုန် မြို့တော်သို့ပြန်လာပါက နယ်စပ်ဒေသများဆီသို့ ဆယ်ရက်အတွင်း ပြန်သွားလေ့ရှိသည်။ သူနှင့် သူ့ဦးလေးကြားမှ စိတ်သဘောထားမတိုက်ဆိုင်ပုံကို မြို့တော်တစ်ခုလုံးသိကြသည်။

သို့ရာတွင် သူ့ဦးလေး၏ရှေ့တွင် ယွီဝမ်ထုန်က ဤသို့တည့်တိုးပြောလိုက်ခြင်းမှာ ပထမဆုံးအကြိမ်ပင်။ ယွီဝမ်ကျီမှာ ဒေါသထွက်လွန်းသဖြင့် လက်ဖက်ရည်ခွက်အချို့ကို ဆက်တိုက်ပစ်ပေါက်လိုက်သည်။ သူက သူ့ကိုယ်သူ မြို့တော်တွင် အတော် ဩဇာကြီးပြီး ထင်ပေါ်ကျော်စော၍ ဧကရာဇ်ကပင် အနည်းငယ်လေးစားမှုပြရသည်ဟု ယုံကြည်ထားသည်။ သို့သော် ယွီဝမ်ထုန်ကမူ သူ့ကိုအရေးပါသူဟု မယူဆသည့်အပြင် ယခုတစ်ကြိမ်တွင် တည့်တည့်ပင်ခြိမ်းခြောက်ခဲ့သည်။

'ယွီဝမ်ထုန်ထူးခြားနေတာက တိုက်ပွဲလေးနည်းနည်းလောက် အနိုင်ရခဲ့လိုပဲ။ ဆုံးသွားတဲ့ ခေါင်းမာမာအဖိုးကြီးသာ ဝင်မပါရင် စစ်မြေပြင်ဆီသွားရမှာက ငါဖြစ်ခဲ့မှာ။ အဲ့လိုဆို ယွီဝမ်ထုန်က ငါရှိနေရင် ကြွစောင်းစောင်းလုပ်ရဲမှာမဟုတ်ဘူး။' သူကခါးသီးစွာတွေးသည်။

ကျန့်ရှီကမူ သူမ၏ခင်ပွန်းနှင့်မတူဘဲ ယွီဝမ်ထုန်၏စကားထဲမှ အရိပ်အမြွက်နှင့်ပက်သက်၍ ပိုစိုးရိမ်မိသည်။ 'သူက ယွီဝမ်မိသားစုရဲ့ အကြီးအကဲနေရာကို ပြန်ယူချင်နေပြီ။'

"အဲ့ဒီပြည့်တန်ဆာကောင်က မာယာများတဲ့နေရာမှာဆရာကြီးလို့ ကျွန်မပြောသားပဲ။ သူက ဒီမိသားစုထဲ လက်ထပ်မဝင်ရသေးတာတောင် ယွီဝမ်ထုန်ကို အကြီးအကဲနေရာပြန်လုဖို့ အရူးလုပ်ပြီးသွားပြီ။ အဲ့ဒီပြည့်တန်ဆာကောင် လုပ်ချင်သလို လုပ်ခွင့်ပေးလို့ မဖြစ်ပါဘူး၊ သခင်ကြီး။" ကျန့်ရှီမှာ ပြောလေလေ ပိုစိုးရိမ်လာလေလေပင်။

လင်းကျန်၏နာမည်ကိုကြားရသောအခါ ယွီဝမ်ကျီ၏အကြည့်များ ပိုအေးစက်လာသည်။ 'ဒါတွေအားလုံးရဲ့အကြောင်းရင်းက အဲ့ဒီလင်းကျန်ကြောင့်ပဲ။ သူ့ကြောင့်သာမဟုတ်ရင် ဒါတွေဘာမှဖြစ်လာမှာမဟုတ်ဘူး။ သူက ဒီမိသားစုဝင် မဟုတ်သေးတာတောင် ယွီဝမ်ထုန်ကိုအိမ်ပြန်မလာဘဲ တခြားနေရာမှာနေဖို့ သွေးထိုးလိုက်သေးတယ်။ ပြီးတော့ အခုဆို ယွီဝမ်ထုန်က လင်းကျန်အတွက်နဲ့ ငါ့ကိုခြိမ်းခြောက်သွားတယ်။ ဒီလင်းကျန်က ဘေးဆိုးဆိုတာ သံသယဝင်စရာတောင် မလိုဘူး။'

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now