178

2.7K 500 10
                                    

သိသာသော ခြားနားချက်
...............................

အရှေ့မှ ယွီဝမ်ဂျင်၏အဖေက သူတို့ကိုတစ်ချက်လှည့်ကြည့်ကာ ချောင်းဟန့်ပြသည်။

ယခုတစ်ကြိမ်တွင် ပါးစပ်ပိတ်သွားရသူမှာ ယွီဝမ်ထုန်ပင်။

လင်းကျန် ဆွံ့အသွား၏။

ယွီဝမ်ရော်က တသီးတခြားအိမ်ကို တည်ထောင်ရန်အတွက် ယွီဝမ်မိသားစုစံအိမ်မှ ခွဲထွက်လာသည်မှာကြာပြီဖြစ်သည်။ သို့သော် ယခုအခါ သူ၏မိသားစုက ယွီဝမ်မိသားစုထက် များစွာပိုကြီးသည်။ အကြောင်းရင်းမှာမူ လူတိုင်းသိကြသည့်အတိုင်းပင် ယွီဝမ်မိသားစုဝင်အများအပြားက စစ်မြေပြင်တွင် သေဆုံးသွားကြသောကြောင့်ဖြစ်သည်။ ယွီဝမ်ကျီ့ထံတွင်ပင် သားနှစ်ယောက်သာ ကျန်တော့သည်။ ယွီဝမ်မိသားစု၏စံအိမ်ကျယ်ကြီးထဲတွင် ပိုင်ရှင်မရှိသော ခြံဝန်းများရှိနေသည်မှာ နှစ်ချီနေပြီဖြစ်ရာ ယွီဝမ်ရော်တို့မိသားစု၏ အသက်ဝင်နေပုံနှင့် စိတ်ထိခိုက်ဖွယ်ရာ ကွာခြားလွန်းသည်။

လင်းကျန်က ထိုသို့တွေးမိ၍ ယွီဝမ်ထုန်အတွက် ဝမ်းနည်းမိသော်လည်း ယွီဝမ်ထုန်က ဤသို့သောမြင်ကွင်းနှင့် ရင်းနှီးနေပုံပေါ်ပြီး လုံးဝစိတ်မကောင်း မဖြစ်ပေ။

'ယွီဝမ်ကျီသာ ယွီဝမ်ထုန်နဲ့ သင့်မြတ်ရင်ကောင်းမှာပဲ။ အနည်းဆုံးတော့ ကိစ္စတွေက ဒီလိုနဲ့အဆုံးသတ်သွားမှာ မဟုတ်ဘူး။ ယွီဝမ်ထုန်က မြို့တော်ဆီပြန်ရောက်တာတောင် သူ့အိမ်သူပြန်မသွားချင်ဘူး။' လင်းကျန်က များစွာတွေးမိသည်။ သူကိုယ်တိုင်ပင် ထိုအတွေးများကြောင့် မှင်တက်သွားသော်လည်း ယွီဝမ်ထုန်ကို တစ်ချက်ကြည့်ပြီးနောက် ထိုအတွေးများကို ဖယ်မထုတ်ရက်ပေ။

"ဘာဖြစ်လို့လဲ။" လင်းကျန်၏အတွေးများနေမှုကို ယွီဝမ်ထုန်က သတိထားမိသည်။

လင်းကျန်က ကိုယ့်ကိုယ်ကိုယ်ထိန်းကာ သူ့အတွေးကို ယွီဝမ်ထုန် မခန့်မှန်းနိုင်ရန် ခေါင်းခါပြလိုက်သည်။ မည်သူမှ၊ အထူးသဖြင့် ယွီဝမ်ထုန်က ဤသို့သောအခြေအနေမျိုးတွင် အခြားလူ သနားမည်ကို မလိုချင်ပေ။

"ခင်ဗျားက သူတို့နဲ့သင့်မြတ်တာကို အံ့ဩနေတာ။"

ယွီဝမ်ထုန်က ပြုံးသည်။ "သူတို့က ပြဿနာမရှာဘူးလေ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now