"နန်းတော်ကကြိုဆိုပွဲမှာ အခြေအနေဘယ်လိုရှိခဲ့ပါသလဲ၊ သခင်လေး။" လီစီချိုက်ကအနားသို့ လျှောက်လာကာ လင်းကျန်ယခုလေးတင်ချွတ်လိုက်သည့် အပေါ်ဝတ်ရုံကိုလက်လွှဲယူလိုက်သည်။

မြို့တော်သို့ လင်းကျန်နှင့်အတူ ရောက်လာပြီးနောက် လီစီချိုက်က ဤစံအိမ်တွင် အိမ်ထိန်းအဖြစ် တာဝန်ချထားခံရသည်။ ရှားဖုန်းနှင့်ဝမ်ချင်းတို့က လက်ထောက်အိမ်ထိန်းများဖြစ်ကြသည်။ ရှားဖုန်းအပေါ် လင်းကျန်ကမျှော်လင့်ချက်ကြီးကြီးထားကြောင်း လီစီချိုက်သိသဖြင့် မြို့တော်သို့လာရာလမ်းခရီးတစ်လျှောက်တွင် ရှားဖုန်းကိုသင်ကြားပေးခဲ့သည်။ ယခုအခါသူက အဓိကအိမ်ထိန်းဖြစ်သော်လည်း စံအိမ်ထဲမှကိစ္စအများအပြားတွင် ရှားဖုန်းကိုလက်လွှတ်ပေးထားပြီး လမ်းညွှန်ပေးလျက်လည်းရှိသည်။ ဝမ်ချင်းအတွက်ကမူ သူမြို့တော်သို့လိုက်လာရသည့် ရည်ရွယ်ချက်အားသိပြီးသားပင်။ သူက အချို့ကိစ္စများတွင်သာ ကူညီပေးပြီး ဤအရာများ၌ ဘာမှဝင်မပါချေ။

"မဆိုးပါဘူး။"

နန်းတော်မှပွဲတွင် လင်းကျန်က ရရှိထားသော သတင်းအချက်အလက်များနှင့် ရာထူးအသီးသီးမှအရာရှိများကို ဟပ်စပ်နိုင်ခဲ့သည်။ ယနေ့ညတွင် ယွီဝမ်ထုန်၏ကျေးဇူးကြောင့် စိတ်ဝင်စားစရာအဖြစ်အပျက်များကိုလည်း မျက်မြင်တွေ့ကြုံခဲ့ရပြီး မြို့တော်မှအခြေအနေများကို ပဏာမမျှသိသွားသည်။

"ယွီဝမ်မိသာစုဝင်တွေကိုရော တွေ့ခဲ့ပါသလား။" လီစီချိုက်က လေသံဖြင့်မေးသည်။

လင်းကျန်ကခေါင်းညှိတ်ပြလိုက်သည်။ ယွီဝမ်ထုန်နှင့်ယောင်ရိတို့က အခြားဘက်သို့ကြည့်နေကြသော်လည်း တကယ်တမ်းတွင် နားစိုက်ထောင်နေကြောင်း သူသတိထားမိသည်။ သူက စိတ်ထဲတွင် အေးစက်စက်လှောင်လိုက်ကာ ပွဲတွင်ယွီဝမ်ကျီနှင့် ထိပ်တိုက်ကြုံခဲ့ရပုံကို လီစီချိုက်တို့အား အကြမ်းဖျင်းပြောပြလိုက်သည်။ ထို့နောက် သူကသူတို့အား မှာလိုက်သည်။ "ဒီနေ့ ကျွန်တော်က ယွီဝမ်ကျီကို ကမ်းကုန်အောင် အတိုက်အခံလုပ်ခဲ့တာဆိုတော့ အနာဂတ်မှာ ပြဿနာနည်းနည်းတက်လိမ့်မယ်။ ခင်ဗျားတို့တွေ ဂရုစိုက်ရမယ်။ ယွီဝမ်မိသားစုကတစ်ယောက်ယောက် ဒီကိုပြဿနာလာရှာရင် သည်းခံစရာ၊ ဖျန်ဖြေးရာမလိုဘူး။ ဒါပေမဲ့ လျော်ကန်သင့်မြတ်မှုတော့ရှိရမယ်။ သူတို့တွေ ဘာမှအခွင့်ကောင်းမယူစေနဲ့။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းTempat cerita menjadi hidup. Temukan sekarang