176

3K 528 19
                                    

လီစီချိုက်ထံမှ သတိပေးချက်
....................................

"ခင်ဗျား ခုနကဘာလို့ အဲ့လိုတွေပြောလိုက်တာလဲ။" လင်းကျန်က မြင်းရထားလုံးထဲတွင် မေးလိုက်သည်။

ယွီဝမ်ထုန်ကပြန်ပြောသည်။ "ရှန်ချုံဝမ်က အရူးမဟုတ်သလို ဝမ်ပြည်ထောင်စုကလူတွေကလည်း အရူးမဟုတ်ဘူး။ ဘယ်တိုင်းပြည်ရဲ့ အုပ်ချုပ်သူပဲဖြစ်ဖြစ် ဩဇာတိက္ကမကြီးတဲ့လက်အောက်ငယ်သားက သူ့ထက်သာသွားမှာကိုစိုးရိမ်ကြတယ်။ ဝမ်ပြည်ထောင်စုကလူတွေကလည်း လက်ထပ်ပြီးမဟာမိတ်ပြုတဲ့နည်းလမ်းကို ဧကရာဇ်ဆီမှာအငြင်းခံရမယ်မှန်းသိတယ်။ သူတို့ဒီလိုလုပ်တယ်ဆိုတာ ဧကရာဇ်နဲ့ကိုယ်နဲ့ကြားကိုသပ်လျှိုပြီး ကိုယ့်အပေါ်ဧကရာဇ်ပိုသတိထားလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ။ သူတို့နောက်ထပ်လှုပ်ရှားမယ်ဆိုတာ သံသယဝင်စရာမလိုဘူး။ သူတို့တွေအသာစီးရပြီး ကိုယ့်ဘက်ကခုခံစစ်ပြောင်းသွားမှာကို ခွင့်မပြုနိုင်ဘူး။

ပြီးတော့ ဝမ်ပြည်ထောင်စုကလူတွေက မြို့တော်ကိုကိုယ်ပြန်လာတဲ့အထိ စောင့်ပြီးမှ တောင်းဆိုတာဆိုတော့ သူတို့ရဲ့နောက်ထပ်အကွက်နဲ့ ကိုယ့်ကိုပြဿနာရှာနိုင်မယ်ဆိုတာ ယုံကြည်ချက်ရှိနေကြလို့ပဲ။ ကိုယ်က သူတို့ရဲ့အစီအစဉ်ကိုအရင်နှောင့်ယှက်ပြီး သူတို့ဘာလုပ်မလဲဆိုတာ အဖြေရှာရမယ်။"

လင်းကျန်ကခေါင်းညှိတ်သည်။ နန်းတော်ထဲတွင် ယွီဝမ်ထုန်ပြောခဲ့သောစကားများက မောက်မာကာအထက်စီးဆန်ပုံပေါ်သော်လည်း ဝမ်ပြည်ထောင်စုမှသံတမန်များ စကားဆက်မပြောနိုင်ရန် တားဆီးနိုင်ခဲ့သည်။ ယွီဝမ်ထုန်ကထိုသို့ငြင်းပယ်လိုက်စဉ်တွင်ပင် ဝမ်ပြည်ထောင်စုက သူတို့၏မင်းသမီးကို ကြီးမြတ်သောယွဲ့တိုင်းပြည်မှလူနှင့် လက်ဆက်စေချင်နေသေးလျှင် ရှန်ချုံဝမ်သာမက ဝမ်ပြည်ထောင်စုတစ်ခုလုံး သိက္ခာကျလိမ့်မည်။ ဝမ်ပြည်ထောင်စု၏ရည်ရွယ်ချက် မပေါ်လာသေးရုံသာ ရှိတော့သည်။

ယခုက နန်းတွင်းသို့ လင်းကျန် ပထမဆုံးဝင်ရောက်သည့်အကြိမ်ဖြစ်သဖြင့် များစွာစိုးရိမ်ပူပန်နေသည့် ဝမ်တရှန်တို့က လင်းစံအိမ်သို့ သူတို့နှစ်ယောက်ပြန်ရောက်လာသည်ကို တွေ့သောအခါ သက်ပြင်းချမိကြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now