"ဘုရင်မင်းအန်က ငါကိုယ်တော်နဲ့ ဘာများဆွေးနွေးချင်တာလဲ။"

"အရှင်ဧကရာဇ်ခင်ဗျ၊ ကျွန်တော်တို့ရဲ့ တိုင်းပြည်နှစ်ခုကို လက်ထပ်ခြင်းနဲ့ ပေါင်းစည်းဖို့အတွက် ကျွန်တော့်ဖခမည်းတော်ကိုယ်စား ခွင့်တောင်းချင်ပါတယ်။ ကျွန်တော့်ဖခမည်းတော်က ကျွန်တော့်ရဲ့နှမတော်တွေထဲကတစ်ယောက်ကို ကြီးမြတ်သောယွဲ့တိုင်းပြည်ဆီ လက်ထပ်ဝင်ခိုင်းပြီး နှစ်နိုင်ငံချစ်ကြည်မှု ခိုင်မာစေချင်ပါတယ်။" ရှန်ချုံဝမ်က ပြောသည်။

'လက်ထပ်ပြီး မဟာမိတ်ပြုတာလား။ ဒီကိစ္စကိုတစ်ခါဆွေးနွေးပြီးသားပေမဲ့ ရှန်းချုံဝမ်က တောက်လျှောက်တုန့်ဆိုင်းနေပြီး တရားဝင်ပြန်မတုန့်ပြန်ခဲ့ဘူးလေ။ သူက ဒီနေ့မှာမှ ဘာလို့ထုတ်ပြောတာလဲ။' အရာရှိအချို့ကတွေးမိသည်။

"အစပိုင်းမှာ ကျွန်တော့်ရဲ့ဖခမည်းတော်က ကျွန်တော့်ရဲ့နှမကို ကြီးမြတ်သောယွဲ့တိုင်းပြည်ရဲ့ တော်ဝင်မိသားစုဝင်တစ်ယောက်နဲ့ လက်ဆက်ပေးချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမက တဇွတ်ထိုးနိုင်ပြီး သူမရဲ့ခင်ပွန်းကို ကိုယ်တိုင်ရွေးချင်နေပါတယ်။" ရှန်ချုံဝမ်က ဆက်ပြောသည်။

'သူ့ခင်ပွန်းကို သူ့ဘာသာသူရွေးမှာလား။'

အရာရှိများအားလုံးက ထိုင်ခုံတွင် စိတ်ရှည်စွာပြန်ထိုင်ကာ ဝမ်ပြည်ထောင်စုမှ ဤမင်းသား၏ အရန်သင့်ဆိုလိုချက်ကို သိချင်နေကြသည်။

"အာ။ မင်းသမီးက ဘယ်အရည်အချင်းရှိသူကို မျက်စိကျနေတာများလဲ။" ဧကရာဇ်က ဟက်ဟက်ပက်ပက်မရှိသောလေသံဖြင့်မေးသည်။ 'သူမက တော်ဝင်မိသားစုဝင်ကိုတောင်ငြင်းပြီး ကိုယ့်ဘာသာ ခင်ပွန်းရွေးမလို့လား။ ဝမ်တိုင်းပြည်ကလူတွေက အခုအခြေအနေတွေကို သိပ်နားမလည်ဘူးပဲ။ သူတို့က ဒီကိုငြိမ်းချမ်းရေးဆွေးနွေးဖို့လာတာ။ တစ်ဖက်လူထက်သာသလို လုပ်ဖို့မဟုတ်ဘူး။'

"သူမက စစ်သူကြီးယွီဝမ်ကို မျက်စိကျနေလို့ စစ်သူကြီးယွီဝမ်နဲ့အတူ ကြင်နာတတ်တဲ့စုံတွဲ ဖြစ်ချင်ပါတယ်။" ရှန်းချုံဝမ်က ယွီဝမ်ထုန်ရှိရာဘက်သို့ကြည့်ကာ ပြန်ပြောသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now