175

2.6K 537 23
                                    

လက်ထပ်ပြီး မဟာမိတ်ပြုမလို့လား။
.............................................

ဧကရာဇ်က လင်းကျန်ကို အလျော်ပေးလိုက်သေးသည်။ သို့သော် ၎င်းတို့မှာ  အဝတ်စအနည်းငယ်၊ အဖိုးတန်ဆေးဝါးများနှင့် ရွှေတုံးများ စသည်တို့သာဖြစ်ပြီး စတိသာပေးခြင်းပင်။

လင်းကျန်က ကျေးဇူးတင်ကြောင်းလျှောက်တင်ကာ ယွီဝမ်ထုန်၏ဘေးသို့ ပြန်သွားသည်။ ယွီဝမ်ထုန်က လင်းကျန်၏လက်ဖဝါးကို မသိမသာကုတ်ခြစ်လိုက်သည်။ လင်းကျန်က ဘာမှမဖြစ်ပုံ ဟန်ဆောင်ထားသော်လည်း ယွီဝမ်ထုန်၏ ဂနာမငြိမ်သောလက်ချောင်းများကို ဖမ်းဆုပ်လိုက်သည်။ 'ဧကရာဇ်က အလိုက်သင့်လေး ရောချသွားတာပဲ။ လူတိုင်းအဲ့လိုလုပ်နိုင်တယ်။ ငါက ဒီခန်းမထဲမှာရှိတဲ့ အစိုးရအမှုထမ်းတွေ၊ စစ်အရာရှိတွေလောက် အတွေ့အကြုံမများပေမဲ့ ရူးနေတာလည်း မဟုတ်ဘူး။' သူကတွေးသည်။

ဤအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် ဧကရာဇ်မှာ ပွဲဆင်နွှဲရန် စိတ်မပါတော့သကဲ့သို့ အစိုးရအမှုထမ်းများနှင့် စစ်အရာရှိများကလည်း ဆက်နေရန်မသင့်တော်ကြောင်း သိကြသည်။ ရလဒ်အနေဖြင့် သူတို့အားလုံးက ထွက်သွားရန်ရည်ရွယ်၍ ထိုင်ခုံမှ ထကြသည်။

လင်းကျန်က ဝမ်ပြည်ထောင်စုမှ သံတမန်များကို ဇဝေဇဝါဖြင့်ကြည့်ကာ တွေးမိသည်။ 'သူတို့က ဘာလို့ရောက်လာသေးတာလဲ။'

လင်းကျန်၏ စိတ်ရှုပ်ထွေးမှုက နက်ရှိုင်းလွန်း၍ သံတမန်များအပေါ် သက်ရောက်မှုအနည်းငယ်ရှိသွားခြင်း ဖြစ်နိုင်သည်။ သူတို့ကနောက်ဆုံးတွင် လှုပ်လာကြသည်။ သားသားနားနားဝတ်စားကာ အရှေ့ဘက်တွင် ထိုင်နေသည့် ဝမ်ပြည်ထောင်စု၏ ဘုရင်မင်းအန်၊ တစ်နည်းအားဖြင့် ရှန်းချုံဝမ်ဟု အမည်ရှိသူက မတ်တပ်ထရပ်ကာ ဧကရာဇ်ကို လျှောက်တင်သည်။ "အရှင်ဧကရာဇ်ခင်ဗျ၊ ကျွန်တော်မျိုးရဲ့တိုင်းပြည်ကိုကိုယ်စားပြုပြီး ကိစ္စတစ်ခုဆွေးနွေးချင်ပါတယ်။"

ထွက်ခွာရန်ပြင်နေသည့် ဧကရာဇ်က ရှန်းချုံဝမ်ကြောင့် ရုတ်တရက်ရပ်ကာ စိတ်မရှည်ဖြစ်လာသည်။ 'ဒီရှန်းချုံဝမ်က ဘာဖြစ်နေတာလဲ။ သူက ဒီမြို့မှာရောက်နေတာ ကြာပြီလေ။ ဒီအခြေအနေအထိ ဘာလို့စောင့်နေတာလဲ။' သူတွေးမိသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now