174

2.5K 530 9
                                    

မင်းသမီးကိုး၏ပြစ်ဒဏ်
...............................

မင်းသမီးကိုးက ဤစကားများကိုကြားသောအခါ အသက်ကယ်တင်ရှင်ကိုတွေ့သွားပုံပေါ်သည်။ သူမက နန်းတွင်းလက်ပါးစေတစ်ယောက်၏ အကူအညီဖြင့် မတ်တပ်ထရပ်ကာ အမြန်တည်ငြိမ်သွားသည််။ "ဟုတ်တယ်။"

ထို့နောက် သူမက အခန်းထဲမှ နန်းတွင်းလက်ပါးစေများ၊ မိန်းမစိုးများ၏မျက်နှာကို တင်းမာစွာကြည့်ကာပြောသည်။ "နင်တို့တွေ ထုတ်မပြောသင့်တဲ့ကိစ္စတွေကို တစ်ခွန်းတောင် ပြောမိလို့မရဘူး။ မဟုတ်ရင် နင်တို့အားလုံးကို ခေါင်းဖြတ်ပစ်မယ်။"

"ကျွန်မတို့တွေ ဘာမှမကြားထားလို့ ဘာကိုမှပြောမှာမဟုတ်ပါဘူး၊ အရှင်မင်းသမီး။ ကျေးဇူးပြုပြီး သက်ညှာပေးပါ။" နန်းတွင်းလက်ပါးစေများ၊ မိန်းမစိုးများက ကြောက်လန့်စွာ တောင်းပန်တိုးလျှိုးကြသည်။

မင်းသမီးကိုးက သူတို့၏သစ္စာရှိမှုကို မယုံကြည်သေးချေ။ သူတို့အားလုံးကို ကွပ်မျက်လိုက်ပါက အခြားလူများထံမှ သံသယအဝင်ခံရမည့်အချက်ကြောင့်သာမဟုတ်လျှင် သူမ အမိန့်ပေးဖြစ်လောက်သည်။

အခန်းထဲမှအသံများမှာ အလွန်မကျယ်သော်ငြား အပြင်ဘက်မှလူများက နားစိုက်ထောင်နေလျှင် အဓိကအချက်များကို ခွဲခြားနိုင်သေးသည်။

မြေကြီးပေါ်တွင်ဒူးထောက်နေရသည့် နန်းတွင်းလက်ပါးစေရှန်းအာမှာ ကြားလိုက်ရသောအခြင်းအရာများကြောင့် စိတ်ဓာတ်ကျသွားသည်။ ကနဦးတွင် သူမက ဘာကိုမှထုတ်မပြောရန် စိတ်ဆုံးဖြတ်ထားခဲ့သည်။ သို့သော် သူမအားခါးခါးသီးသီးစိတ်ပျက်စေသည်မှာ သူမက မိမိ၏အသက်ကို သခင်မအတွက်စတေးရန် စိတ်ဆုံးဖြတ်ထားသော်လည်း ထိုသခင်မက သူမကိုစွန့်ပစ်ရန် မတုန့်ဆိုင်းခဲ့ခြင်းပင်။

သူမသည် နဂိုကတည်းကပင် သူမ၏သခင်မကို မငြိစွန်းစေချင်ခဲ့ကြောင်း ကိုယ့်ကိုယ်ကိုယ် တွေးတောဆင်ခြင်တတ်စွာပြောနေသော်လည်း သူ၏သခင်မကို မိမိစိတ်ဖြင့် ကာကွယ်ခြင်းနှင့် သခင်မထံမှ စွန့်ပစ်ခံရခြင်းက ကွာခြားသည်။ သူမ မည်မျှပင် အကြောင်းရင်းရှာပါစေ ၎င်းကိုလက်မခံနိုင်ပေ။ "ဘာလို့လဲ။ ဘာလို့ အရှင်မင်းသမီးက ငါ့ကိုသိပ်မယုံတာလဲ။ ဒီလိုသာဆိုရင် ငါ့မှာ ရွေးချယ်စရာမရှိဘဲ...'

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now