173

2.6K 524 9
                                    

သွေးထိုးသူ မင်းသမီးကိုး
................................

လင်းကျန်က ဧကရာဇ်ကို ယခင်ဘဝတွင်ပင် မမြင်ဖူးချေ။ ယခုက သူနှင့်ပထမဆုံးအကြိမ်တွေ့ခြင်းဖြစ်သည်။ ယနေ့မတိုင်ခင်တွင် ဧကရာဇ်က ဝဝဖိုင့်ဖိုင့်ယောက်ျားကြီးဖြစ်မည်ဟု သူထင်ထားသော်လည်း မမျှော်လင့်ထားစွာဖြင့် အလွန်ပိန်ပါးသည်။ ဧကရာဇ်သည် မွေးကတည်းကပင် ကိုယ်ခန္ဓာတည်ဆောက်ပုံ အားနည်းသကဲ့သို့ နေမကောင်းပုံပေါ်သည်။ ထိုသို့ဆိုလျှင်ပင် သူက ဧကရာဇ်ဖြစ်နေသည့်အချက်ကို ပြောင်းလဲ၍မရပေ။ သူ၏ ဩဇာအာဏာက လူအများကို သူနှင့် မျက်လုံးချင်းမဆုံရဲရန်တားမြစ်ထားသည်။

"ထလို့ရပြီ၊ အိုက်ချင်းတို့။ ဒီပွဲဟာ မြို့တော်ကို အိုက်ချင်းယွီဝမ်က အောင်ပွဲနဲ့အတူ ပြန်လာတဲ့အတွက် ကျင်းပတာဖြစ်တယ်။ စစ်မြေပြင်မှာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သူကြီးယွီဝမ်နဲ့တကွ စစ်သားအားလုံးအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ငါကိုယ်တော် နိုင်ငံသားအားလုံးကို ကိုယ်စားပြုပြီး ဒီယမကာတစ်ခွက်ကိုသောက်တော်မူမယ်။ သူတို့သာမရှိရင် ဒီအောင်ပွဲကိုရမှာ မဟုတ်ဘူး။"

ဤသို့ပြောပြီးနောက် ဧကရာဇ်က ယမကာကို တစ်ကျိုက်တည်းသောက်လိုက်သည်။ သဘာဝကျစွာပင် အစိုးရအမှုထမ်းများနှင့် စစ်အရာရှိများလည်း ထပ်တူပြုလုပ်ကာ ချီးကျူးစကားပြောကြသည်။

ယွီဝမ်ထုန်က ယမကာအခွက်ရေအနည်းငယ်ကို တစ်ပြိုက်နက်သောက်ခဲ့ပြီးပထမပိုင်းပြီးသွားသည်။

ဤပွဲသို့ တက်ရောက်လာသူများထဲတွင် မရှက်မကြောက်လာကြသော ဝမ်ပြည်ထောင်စု၏သံတမန်များသာ အရှက်ကွဲပြီး ဒေါသဖြင့် မျက်နှာမည်းနေကြကာ ကြည့်ရဆိုးနေသည်။

ဤခန်းမထဲတွင် လင်းကျန်တစ်ယောက်တည်း စကားပြောကောင်းခြင်း မဟုတ်ချေ။ အစိုးရအမှုထမ်းများနှင့် စစ်အရာရှိများသည်လည်း ထေ့ငေါ့ရာတွင် ဆရာကြီးများဖြစ်ကြပြီး သူတို့ထဲမှအချို့မှာ လင်းကျန်ထက်ပင် လျှာစောင်းထက်သည်။ လူတိုင်းပါဝင်ဆွေးနွေးနေကြရာ ဝမ်ပြည်ထောင်စုမှ သံတမန်များမှာ ဒေါသကြောင့်သွေးအန်လုနီးပါးဖြစ်သွားသည်။ သို့သော် သူတို့က ထိုစကားလုံးများကို မျိုသာမျိုချနေရ၏။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now