172

2.5K 517 9
                                    

ကျေးဇူးကန်းပြီး သွေဖည်တယ်တဲ့လား။
................................................

နန်းတော်တံခါးပေါက်အနီးမှ အဖြစ်အပျက်က မကြာခင်တွင် အမေ့ခံလိုက်ရ၏။ ဝမ်ပြည်ထောင်စုမှ သံတမန်များပင် နန်းတော်ထဲသို့ ရောက်ပြီးနောက် ထိုအဖြစ်အပျက်ကို ထုတ်ပြောရန် ရည်ရွယ်ချက်မရှိပေ။

ကြိုဆိုပွဲကျင်းပသည့်ခန်းမက ထိုက်ချင်းနန်းဆောင်တွင်ရှိပြီး အတော်နေရာကျယ်ဝန်းသည်။ ပုံမှန်အတိုင်းဆိုလျှင် ဤနန်းဆောင်ကို အရေးကြီးသောပွဲတော်များကျင်းပရန်အတွက်သာ သုံးသော်လည်း ယွီဝမ်ထုန်ကမူခြွင်းချက်ပင်။ သူက ဤသို့ဂုဏ်ပြုခံရခြင်းမှာ မည်သူမည်ဝါဖြစ်သောကြောင့်သာမကဘဲ ဤစစ်ပွဲကိုအနိုင်ရရှိခဲ့ခြင်းကြောင့်လည်း ပါသည်။ သူက ဝမ်ပြည်ထောင်စု၏ မြို့ခုနစ်မြို့ကို တစ်ခါတည်းသိမ်းနိုင်ခဲ့သည့်အပြင် ဝမ်ပြည်ထောင်စုက ခြေထောက်များကြား အမြီးကုပ်ကာ သူတို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် သံတမန်အဖွဲ့ပင်လွှတ်လိုက်သည်။ ယင်းက ကြီးမြတ်သောယွဲ့တိုင်းပြည်သားအားလုံးကို ကျေနပ်စေသည်။ ဤနှစ်များအတွင်း မရပ်မနား စစ်တိုက်နေရသဖြင့် ကြီးမြတ်သောယွဲ့တိုင်းပြည်၌ ဘဏ္ဍာပြတ်လပ်လုနီးပါးဖြစ်နေခဲ့သည်။ ယခုအခါ ဤသို့အောင်နိုင်မှုကြီးကြီးမားမားရပြီးနောက် သူတို့စိတ်ချနိုင်လေပြီ။ ဤအရေးနှင့်စပ်လျဉ်း၍ အကျေနပ်ဆုံးလူမှာ ဧကရာဇ်ပင်။

လင်းကျန်နှင့်ယွီဝမ်ထုန်တို့ရောက်သွားသောအခါ နေရာတစ်ဝက်မျှ ပြည့်နေပြီပင်။ သဘာဝကျစွာပင် သူတို့အထဲဝင်သွားသောအခါ အားလုံးထံမှ အာရုံစိုက်ခံရသည်။ ယွီဝမ်ထုန်က အရပ်ရှည်၊ ခံ့ညား၍ အားကိုးစရာကောင်းကာ လင်းကျန်က ဆွဲဆောင်မှုရှိသည်။ သူတို့နှစ်ယောက် လက်ချင်းတွဲ၍ လမ်းလျှောက်လာပုံက အလွန်ကြည့်ကောင်းရာ ဧည့်သည်အများအပြား အံ့ဩနေကြသည်။

မည်သို့ပင်ဆိုစေ မရှုစိမ့်နိုင်သူများလည်းရှိ၏။ ယွီဝမ်ကျီ မျက်နှာမည်းသွားသည်။ ယွီဝမ်ချီကမူ ယွီဝမ်ထုန် ရူးသွားပြီဟုထင်ကာ နေရာတွင်ပင် ကြက်သေသေနေသည်။ အံ့ဩကာ ဂရုတစိုက်ရှိသောအကြည့်နှင့် ယွီဝမ်ဖုန်းကသာ မတ်တပ်ထရပ်ပြီး ယွီဝမ်ထုန်ကိုလာနှုတ်ဆက်သည်။ "ဝမ်းကွဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now