170

2.7K 523 14
                                    

မပြောပလောက်သောအကူအညီ
.......................................

"ကျွန်တော် သွားမယ်။" လင်းကျန်က ပြောသည်။

ယွီဝမ်ထုန်ကပြုံးသည်။ သူ၏မျက်ဝန်းများထဲတွင် လင်းကျန်၏ ဆုံးဖြတ်ချက်အပေါ် အသိအမှတ်ပြုမှု ပေါ်နေ၏။

လင်းကျန်က မတ်တပ်ရပ်ကာ ရှားဖုန်းကိုခေါ်လိုက်သည်။ "ငါဒီညကျ ယွီဝမ်ထုန်နဲ့အတူ နန်းတော်ထဲသွားမလို့။ အဲ့လိုပွဲမျိုးအတွက်သင့်တော်မဲ့အဝတ်အစားတွေအားလုံးကို ငါ့ဗီရိုထဲက ယူခဲ့ပေးပါ။"

ဤကြိုဆိုပွဲက ကျည်ဆန်မပါသည့် စစ်ပွဲတစ်ပွဲဟုပြောရလျှင် မလွန်ချေ။ သူ၏အဝတ်အစားချို့ငဲ့မှုကြောင့် ယွီဝမ်ထုန်ကို အရှက်မရစေချင်ပေ။ လင်းမိသားစုအတွက်မူ ၎င်း၏အဆင့်အတန်းကို လင်းကျန်ကောင်းစွာသိသည်။ လင်းမိသားစုအကြောင်းတွေးမိသောအခါ သူ့အဖိုး၏အတိတ်က ကိစ္စများအကြောင်း ပြန်သတိရမိသည်။ ယခုတစ်ကြိမ်တွင် နန်းတော်သို့သွားလျှင် မဆင်ခြင်တတ်သူများက ထိုကိစ္စများကို အနာဟောင်းပြန်ဆွလိမ့်မည်ဟု တွေးမိ၍ လင်းကျန်၏အကြည့်များ စူးရှလာသည်။

သူက ယွီဝမ်ထုန်ကို ကျောပေးထရာ သူ့မျက်နှာထားကို ယွီဝမ်ထုန်သတိမထားမိပေ။ ယွီဝမ်ထုန်က ရွှင်လန်းသောအသံဖြင့်ပြောသည်။ "ဒီညမှာ စိတ်ဝင်စားစရာတစ်ခုခု ဖြစ်လိမ့်မယ်။"

"စိတ်ဝင်စားစရာတစ်ခုခုလား။" လင်းကျန်က လှည့်ကြည့်သည်။ သူ့အကြည့်များက ပုံမှန်ပင်။ "ခင်ဗျားဘာပြောချင်တာလဲ။"

ယွီဝမ်ထုန်က ခေါင်းငုံ့ကာ လင်းကျန်၏ နားနားသို့ တီးတိုးပြောလိုက်သည်။ လင်းကျန်က အနည်းငယ် မျက်လုံးမှေးကာယွီဝမ်ထုန်ကို ကြည့်သည်။ "အဲ့ဒါက မလွန်လွန်းဘူးလား။"

"ကောင်းတယ် မဟုတ်ဘူးလား။ ကိုယ်မြို့တော်ကိုပြန်လာတဲ့အတွက် ပျော်ပွဲလုပ်တယ်ထင်နေတာ။" ယွီဝမ်ထုန်က ထိုကိစ္စမှာဖြစ်သင့်သည့်အရာကဲ့သို့ ပြန်ပြောသည်။

လင်းကျန်ရှက်ကာ ပြောစရာမဲ့သွားသည်။

'ဒီလူက တကယ်စိတ်ကြီးဝင်နေတာပဲ။'

ယွီဝမ်ထုန်က ရှားဖုန်းရွေးထားသောအဝတ်အစားများကို ကြည့်ရန်အတွက် အတွင်းခန်းထဲသို့ဝင်သွားသည်။ ၎င်းတို့ထဲမှအများအပြားကို မြို့တော်သို့မလာခင် အပြေးအလွှားချုပ်ထားခြင်းပင်။ ယွီဝမ်ထုန်က ခေတ္တမျှတွေးပြီးနောက် တစ်ထည်ကိုရွေးကာပြောသည်။ "ဒီတစ်ထည်က အဆင်ပြေလိမ့်မယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now