167

2.7K 517 17
                                    

ဇာတ်တူသားစားခြင်း
...........................

"လုပ်ကြံသူတွေကော၊ အကျဉ်းသားတွေကောက ဉာဏ်နီဉာဏ်နက်များပါတယ်။ ကျွန်တော်မျိုး စုံစမ်းနေဆဲပါ။"ဧကရာဇ်က စုံစမ်းမှုဆက်လုပ်နေဆဲဟု သိရသောအခါ ခေါင်းညှိတ်ကာ လေးနက်သောမျက်နှာထားဖြင့် ပြောသည်။ "ငါကိုယ်တော်လည်း တလီဘုရားကျောင်း(တရုတ်မြေရှင်ပဒေသရာဇ်ခေတ်တွင် အထူးစီရင်ဆုံးဖြတ်နိုင်သည့်တရားရုံး)နဲ့ အပြစ်ပေးဌာနကို နန်းတွင်းအစောင့်နှစ်ယောက်က လင်းကျန်ဆီပစ်မှတ်ထားတဲ့ လုပ်ကြံမှုနဲ့ပက်သက်ပြီး သေချာစုံစမ်းခိုင်းထားတယ်။ မင်းဆီမှာ သဲလွန်စတစ်ခုခုရခဲ့ရင် ငါ့ကိုသာပြောလိုက်ပါ။ စိတ်ချ၊ ငါကိုယ်တော် ဒါကိုတရားမျှတအောင် လုပ်ပေးမယ်။"

ဧကရာဇ်မှာ ထိုဖြစ်ရပ်များအကြောင်း သတင်းကြားရစဉ်က ထိတ်လန့်၍ ခုန်မိလုနီးပါးပင်။ ထိုအချိန်တွင် ယွီဝမ်ထုန်က ထန်းယန်တွင်သာရှိသေးပြီး သူ့ကိုနောက်ကွယ်မှစေခိုင်းသူဟု အထင်မှားသွားပါက လက်နက်ကိုင်ပုန်ကန်ရန် ဆုံးဖြတ်လိုက်နိုင်သည်။ ယွီဝမ်ထုန်သာ ထိုသို့လုပ်လျှင် သူတားနိုင်မည်မဟုတ်ပေ။  စာကိုဆက်ဖတ်၍ လုပ်ကြံသူနှစ်ယောက်၏ပစ်မှတ်က လင်းကျန်မှန်းသိလိုက်ရသည်။ ထိုသို့သာမဟုတ်လျှင် သူတို့မြို့တော်သို့လာသည့် လမ်းတစ်လျှောက်ဒေသများတွင်  သူ စစ်အုပ်ချုပ်ရေးအမိန့်ချမိလောက်သည်။

မည်သို့ပင်ဆိုစေ ယွီဝမ်ထုန်က ပစ်မှတ်မဟုတ်သော်လည်း  ဤဖြစ်စဉ်၏ပြင်းအားကို မသိရသေးချေ။ ၎င်းမှာ လင်းကျန်ကယွီဝမ်ထုန်အတွက် မည်မျှအရေးပါသနည်းဆိုသည့်အပေါ် မူတည်သည်။ မြို့တံခါးပေါက်မှ အဖြစ်အပျက်အရ ယွီဝမ်ထုန်က လင်းကျန်ကို များစွာဂရုစိုက်ပုံပင်။ သို့သော် မြို့ထဲသို့ရောက်လာပြီးနောက် သူကလင်းကျန်ကို သူ့မိသားစုနှင့် ချက်ချင်းသွားမတွေ့ပေးပေ။ ထိုအစား သူကလင်းကျန်ကို အခြားနေရာသို့ တစ်ယောက်တည်းလွှတ်လိုက်သည်။ ဤကိစ္စများက ဧကရာဇ်ကို စိတ်ရှုပ်ထွေးစေသည်။

ရလဒ်အနေဖြင့် ဧကရာဇ်က ၎င်းကိုအလွန်အရေးထားသည်။ အဘယ့်ကြောင့်ဆိုသော် ပထမဆုံးအနေဖြင့် သူ၏ရပ်တည်ချက်ကို ဖော်ပြလိုပြီး ဒုတိယအနေဖြင့် ယွီဝမ်ထုန်၏သဘောထားကို  တီးခေါက်လိုသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now