166

2.6K 533 15
                                    

စိတ်မဝင်စားဘူး။
....................

ခရီးဆောင်အိတ်ကိုသယ်ရန် လူအနည်းငယ်ကို ချန်ထားပြီးနောက် ယွဲ့ချီတို့က ဝမ်တရှန်တို့၊ ရှားဖုန်းတို့နှင့် ရင်းနှီးသွားသည်။ ထို့နောက် သူတို့ကလင်းကျန်ကို စံအိမ်တစ်ဝိုက်လိုက်ပြကြသည်။

ယွီဝမ်ထုန်ပြောလိုက်သည့်အတိုင်းပင် ဤစံအိမ်ကအတော်ကျယ်သည်။ အရှေ့ဘက်တံခါးပေါက်မှဖြတ်လာပြီးနောက် ကျယ်ဝန်းကာ အတော်ခမ်းနားသောအရှေ့ဘက်ခြံထဲသို့ ရောက်သွားသည်။  ခြံ၏ညာဘက်တွင် ပထမဆုံးအိမ်တန်းရှိပြီး ထိုအထဲတွင် ပရိဘောဂများကို ရက်ရက်ရောရော၊ တီထွင်ဉာဏ်ကောင်းကောင်း ထည့်ထားသော ဧည့်ကြိုခန်းရှိသည်။

ပထမဆုံးအိမ်တန်း၏ဘေးတစ်ဖက်တစ်ချက်တွင် စင်္ကြံတစ်ခုစီရှိပြီး ၎င်းမှာလည်း ကျယ်ဝန်းသည်။ ဤအိမ်များ၏နောက်တွင် ကိုယ်ပိုင်ကွဲပြားခြားနားနေသော ကမ္ဘာတစ်ခုရှိပြီး ယင်းကအရှေ့ဘက်ခြံဝင်းထက်ပင် နှစ်ဆ၊ သုံးဆမျှ ပိုကျယ်သည်။ ဥယျာဉ်တစ်ခုလည်းရှိ၏။ ၎င်းကယွီဝမ်ထုန်ပြောခဲ့သောအရာ ဖြစ်ရမည်ဟု လင်းကျန်ထင်သည်။ ဥယျာဉ်၏ဘေးနှစ်ဖက်တွင် အမိုးအောက်ထပ်ခိုးပါသော နှစ်ထပ်အဆောက်အဦးနှစ်ခုရှိပြီး ထူးခြားသောပရိဘောဂအသီးသီးကို ဖြည့်ထားသည်။

ဆက်သွားလျှင် ကြာပင်များစိုက်ထားသော ရေကန်တစ်ကန်ရှိသည်။ လက်ရှိတွင် ရေကန်မျက်နှာပြင်တစ်ခုလုံးကို ကြာရွက်များကဖုံးထားသည်။ ကျယ်ဝန်းသော လေ့ကျင့်ရေးကွင်းက ရေကန်၏အနောက်တွင်ရှိသည်။ ဥယျာဉ်တွင် ထွင်ဉာဏ်ကောင်းသည့်အချက်မှာ အထဲတွင် အပင်စိုက်ကျောက်ပုံများ၊ ကနားနှင့် စင်မြင့်များရှိနေရာ အခြားတစ်ဖက်မှလူများက လေ့ကျင့်ရေးကွင်းကို မမြင်နိုင်သဖြင့် ဖုံးကွယ်နိုင်စွမ်း၌ ကျေနပ်စရာကောင်းသည်။ လေ့ကျင့်ရေးကွင်း၏ဘေးတွင် ခြံဝန်းငယ်များနှင့် အစောင့်များနေထိုင်မည့်နေရာများ ရှိသည်။

ဤနေရာများ၏အလယ်တွင် ရှိသည်မှာ လင်းကျန်အတွက် ပြင်ဆင်ထားသော လက်ရာမြောက်သည့်ပင်မအိမ်ကြီးပင်။ အထဲမှ ပရိဘောဂများ၊ အပြင်အဆင်များကို ငွေကြေးနှင့် လူအင်အားများစွာသုံးကာ စီစဉ်ထားသည်။ နေအိမ်ကိုပိုကြည့်လေလေ လင်းကျန် ပိုကြိုက်လေလေပင်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now