163

2.7K 515 10
                                    

ထူးဆန်းသော အဖိုးအို
...........................

အဖိုးအိုက အပေါ်ထပ်သို့တက်လာသည်။ လင်းကျန်က ဘာမှသတိမပြုမိစဉ်တွင် ယွီဝမ်ထုန်က အနည်းငယ် မျက်လုံးမှေးကြည့်သည်။

"စားပွဲထိုးရေ၊ နောက်ထပ်နေရာလေး ပြင်ပေးပါ။" လင်းကျန်က စားပွဲထိုးကိုပြောလိုက်သည်။

စားပွဲထိုးက 'နွားချေးပုံထဲ၌ကပ်နေသောလတ်လတ်ဆတ်ဆတ်ပန်း' အပါအဝင် သူ၏ယခင်အတွေးများကို စိတ်ထဲမှထုတ်လိုက်ပြီပင်။ သူတို့က လိင်တူစုံတွဲဖြစ်သော်လည်း နောက်မှပေါက်သည့် ရွှေကြာပင်နှင့်တူသည့် ထိုလူက ရောက်လာသည့်အစောင့်တစ်ယောက်ချင်းစီကို စားသောက်ဆိုင်ထဲမှ ကန်ထုတ်ခဲ့သည်။ 'သူက ဘယ်နည်းနဲ့မှ သာမန်လူမဖြစ်နိုင်ဘူး။' စားပွဲထိုးကတွေးသည်။

လင်းကျန်၏စကားများကို ကြားသောအခါ စားပွဲထိုးက "ဟုတ်ကဲ့ပါ။"ဟု ထပ်ကာထပ်ကာဖြေကြားကာ မြန်မြန်ထွက်သွားသည်။ မကြာခင်တွင် သူက သူတို့၏စားပွဲ၌ နောက်ထပ်နေရာတစ်နေရာပြင်ပေးကာ ကျိုးနွံစွာမေးသည်။ "နောက်ထပ် စားစရာတစ်မည်လောက် မှာချင်ပါသေးသလား။"

လင်းကျန်က စားပွဲပေါ်မှ ဟင်းလျာများကို တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်သည်။ "မလိုသေးဘူး။ မင်းသွားလို့ရပြီ။"

စားစရာများက စားပွဲအပြည့်ရှိနေရာ လူသုံးယောက်အတွက် လုံလောက်သည်ထက်ပို၏။

"ကျေးဇူးပြုပြီး ဝင်ထိုင်ပါ၊ လူကြီးမင်း။" လင်းကျန်က သူ့ဘေးမှထိုင်ခုံကို ညွှန်ပြသည်။

အပြင်လူရှိနေသည့်အတွက် သူ၏ဇာဦးထုပ်ကိုချွတ်ရန် အဆင်မပြေရာ ယခုအခါထိုင်သာထိုင်ပြီး နောက်မှစားရန် ဆုံးဖြတ်လိုက်သည်။

ယွီဝမ်ထုန်က အဖိုးအိုကိုကြည့်ကာ မေးသည်။ "လူကြီးမင်းရဲ့ အတွင်းအားက တော်တော်ကောင်းတာပဲ။ ဒါတောင် ဘာလို့ သခင်လေးတစ်ယောက်ဆီမှာ အတိုက်ခံလိုက်ရရုံနဲ့ လေတိုက်တာတောင်မခံနိုင်အောင် အင်အားချည့်နဲ့သလို လဲကျသွားတာလဲ။"

လင်းကျန်က ထိုစကားကြောင့် အံ့ဩသွားကာ အဖိုးအိုကို ချက်ချင်း ကြည့်လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now