162

2.8K 512 15
                                    

နတ်သမီးလို မိန်းမပျိုလေးလား။
.......................................

မြေခွေးဖြူလေးက အုပ်စုထဲတွင် ထင်ပေါ်သူဖြစ်လာသည်။ လင်းကျန်သာမက အခြားလူတိုင်းကလည်း ဤမြေခွေးပေါက်လေးသည် ဧကန်မုချ ဉာဏ်ရည်မြင့်သောသတ္တဝါ ဖြစ်ရမည်ဟုခံစားရကာ အထူးအထင်ကြီးလာကြသည်။

မြေခွေးဖြူလေး၏ အစာကိုဖြစ်စေ၊ နေရာထိုင်ခင်းကိုဖြစ်စေ မည်သူမှ ယီးတီးယားတားမလုပ်ရဲချေ။ သူတို့အားလုံးက မြေခွေးပေါက်လေး နေရအဆင်အပြေဆုံးဖြစ်ရန် အကောင်းဆုံးကြိုးစားကြသည်။

ယွီဝမ်ထုန်ကလည်း မြေခွေးဖြူလေးကို မျက်စိစပါးမွေးမစူးတော့ပေ။ သူကဲ့သို့သောလူက ဤသို့သဘောထားပြောင်းခြင်းမှာ ရှားသည်။ 'ဒီကောင်လေးက အရေးကြီးအခြေအနေမှာ တော်တော်အသုံးဝင်နိုင်တယ်။'

*****

"ဝူမြို့ကလူနဲ့ အဆက်အသွယ်ပြတ်သွားပါတယ်၊ အရာရှိကြီး။"

"ဘယ်လိုဖြစ်တာလဲ။"

အလုပ်အကိုင်ဌာန၊ လက်ထောက်အမတ်၏နေအိမ်တွင်ရှိသော ပန်းဖန်၏မျက်နှာထားက ဝူမြို့သို့ လွှတ်ထားသောလူနှင့် အဆက်အသွယ် ပြတ်သွားသည်ဟု သိလိုက်ရသောအခါ သိသိသာသာ ထိတ်လန့်သွားပုံပေါ်သည်။

"ဆိုးရွားတာတစ်ခုခုဖြစ်ပျက်သွားမှာကို စိုးရိမ်မိပါတယ်။ အခုထိတော့ လင်းကျန်အဆိပ်ခတ်ခံရတဲ့သတင်းက ဝူမြို့ကနေရောက်မလာသေးပါဘူး။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ အရာရှိကြီး။"

"မဖြစ်နိုင်ဘူး။ ငါတို့တွေ သေသေချာချာ ဖုံးကွယ်ပြီး ချဉ်းကပ်ခဲ့တာလေ။ လင်းကျန်က အရောင်အနံ့မရှိတဲ့အဆိပ်ကို သတိပြုမိတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" သူ့အစီအစဉ်က မအောင်မမြင်ဖြစ်သွားသည်ဟု ပန်းဖန်မယုံနိုင်ပေ။

"ဒါပေမဲ့ လင်းကျန်အဆိပ်ခတ်ခံရတယ်ဆိုတဲ့သတင်းက ဝူမြို့ကနေ အခုထိရောက်မလာသေးပါဘူး။ တခြားအစီအစဉ်တစ်ခုကို ကျွန်တော်တို့တွေ အခုချက်ချင်းတွေးဖို့လိုပါတယ်။"

လင်းကျန်၏အဆိပ်ခတ်မခံရဘဲ သူတို့လွှတ်ထားသည့်လူက အဆက်အသွယ်ပြတ်သွားသည်။ ဤသို့သောအခြေအနေမျိုးတွင် ဖြစ်နိုင်သည့်တစ်ခုတည်းသောအကြောင်းရင်းမှာ သူတို့၏လုပ်ရပ်များ ပေါ်သွားခြင်းပင်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now