161

2.5K 472 15
                                    

မြေခွေးဖြူလေးက သခင်အဆိပ်ခတ်မခံရအောင် ကာကွယ်ပေးခြင်း
..................................................................................

လင်းကျန်က မြေခွေးပေါက်လေး၏နှာခေါင်းကို သူ့နှာခေါင်းဖြင့် ပြန်ပွတ်ကာ ချစ်မြတ်နိုးစွာပြောသည်။ "လိမ်လိမ်မာမာနေနော်။ ငါနေ့လည်စာစားပြီးရင် မင်းစားဖို့ တစ်ခုခုသွားယူပေးမယ်။"

မြေခွေးပေါက်လေးက လင်းကျန်၏စကားများကို နားလည်နေသကဲ့သို့ ခပ်တိုးတိုးအီလိုက်ခြင်းက လင်းကျန်၏နှလုံးသားကို အရည်ပျော်သွားစေပြီး နေ့လည်စာကိုပင် ကျော်သွားချင်သည်။

သူက စားပွဲပေါ်မှ ဟင်းလျာများကို တစ်ချက်ကြည့်လိုက်သည်။ ဟင်းလျာအားလုံးက စားကောင်းပုံပေါ်ပြီး အရသာရှိသည့်အနံ့ မွှေးနေ၍ သွားရေကျစေသည်။

လင်းကျန်က အသားတစ်တုံးကို တူဖြင့်ညှပ်ပြီး ပါးစပ်ထဲသွင်းတော့မည့်အချိန်တွင် မြေခွေးပေါက်လေးက ဤလားရာဘက်သို့ အလျင်စလို အနံ့ခံနေသည်ကို သူတွေ့လိုက်ရသည်။

လင်းကျန်က ခေတ္တမျှအံ့ဩသွားကာ တူကိုပြန်ချလိုက်သည်။ "ဘာဖြစ်လို့လဲ။ မင်း ဗိုက်တအားဆာနေလို့လား။ ငါနေ့လည်စာစားပြီးသွားရင် မင်းကိုချက်ချင်းကျွေးမယ်နော်။ ငါမြန်မြန်စားမှာပါ။ ခဏလေးပဲအောင့်ထားလိုက်။"

ထို့နောက် သူကထိုအသားတုံးကိုစားရန် ထပ်ယူလိုက်စဉ်တွင် မြေခွေးပေါက်က အလျင်စလိုထပ်အီသည်။ ဤအီသံက ပို၍စူးရှပြီး အနည်းငယ်နားဝင်မချိုပေ။ သူ၏တလက်လက်တောက်ပနေသော အမည်းရောင်မျက်လုံးများက လင်းကျန်ကို စိုးရိမ်ပူပန်စွာကြည့်နေသည်။

ယခုတစ်ကြိမ်တွင် လင်းကျန်က လုံးဝ အံ့ဩသွားသည်။ သူက တူကိုပြန်ချလိုက်သည်။ "မင်း ဒီအသားတုံးကို စားချင်လို့လား။"

ထို့နောက် သူကမျက်မှောင်ကြုတ်မိသည်။ "ဒါပေမဲ့ ဒီအချိန်မှာ မင်းက ဒီလိုစားစရာမျိုးကို စားလို့မရဘူးဆိုပြီး မွေးမြူရေးသမားက ပြောလိုက်တယ်။"

သူက နေ့လည်စာကို မြန်မြန်လက်စသတ်ကာ မြေခွေးဖြူလေးကို အစာကျွေးမည်ဟု တွေးထားသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now