158

2.6K 540 7
                                    

စာထဲမှ လျှို့ဝှက်ချက်များ
.................................

ဝမ်တရှန်နှင့်အစောင့်အချို့က လင်းကျန်၏အခန်းအပြင်ဘက်၌ စောင့်ကြပ်နေစဉ်တွင် ယောင်ရိက သူတို့၏မြင်ကွင်းထဲသို့ ရုတ်တရက် ရောက်လာကာ လက်ယပ်ခေါ်ပြီး အသံတိုးတိုးဖြင့်ပြောသည်။ "ဒီကိုလာဦး။"

ဝမ်တရှန်က သူ့ထံသို့သွားကာ မေးလိုက်သည်။ "အစောင့်ယောင်၊ ဘာကိစ္စရှိလို့လဲ။"

ယောင်ရိက သူ့ကိုအခြားလူများ၏အဝေးသို့ခေါ်သွားကာ ပြန်ပြောသည်။ " သခင်လေးလင်းက အိပ်နေတုန်းလား။"

ဝမ်တရှန်က ယောင်ရိကိုင်ထားသော သူ့လက်ကို တစ်ချက်ငုံ့ကြည့်သည်။

ယောင်ရိက သူ့လက်ကို မြန်မြန်လွှတ်ကာ အားနာစွာရယ်သည်။ "မတော်လို့ပါ၊ ငါ့ကို အထင်မမှားပါနဲ့။"

ဝမ်တရှန်မှာ ပြောစရာမဲ့သွားသည်။

'ငါက ငါ့လက်ကိုလွှတ်ဖို့ပဲ ပြောလိုက်တာလေ။ ဘာကို အထင်မှားရမှာလဲ။'

သူက လက်လျှော့ထားသည့်လေသံဖြင့် ပြောသည်။ "ကျွန်တော်တို့ရဲ့သခင်လေးက အိပ်နေတုန်းပါ။ စစ်သူကြီးက ကျွန်တော်တို့ရဲ့သခင်လေးကို တွေ့ပြီးပြောစရာကိစ္စ ရှိလာလို့လား။"

ယောင်ရိက ပြန်ပြောသည်။ "မဟုတ်ပါဘူး။ ငါဒီကိုရောက်လာတာက မင်းနဲ့တိုင်ပင်စရာလေး ရှိလို့ပါ။"

ဝမ်တရှန်က အတော်အံ့ဩသွားသည်။ "ဘာများလဲ။ အဲ့ဒါက လုပ်ကြံမှုနဲ့ဆိုင်လား။"

ယောင်ရိက ခေါင်းခါသည်။ "မဟုတ်ဘူး။ အဲ့ဒါက..." သူက မူမမှန်စွာချောင်းဟန့်ကာ ဆက်ပြောသည်။ "သခင်လေးလင်း ပျော်အောင် ဘယ်လိုလုပ်ရမလဲ မင်းသိလား။"

ဝမ်တရှန်က အံ့ဩသွားပြီး မျက်လုံးပြူးလာသည်။ "အစောင့်ယောင်၊ မင်းက စစ်သူကြီး​ဆီကနေ ဘယ်လိုလုပ် မ ရဲတာလဲ။"

ယောင်ရိက ရှက်သွားပြီး သူ့ကိုအသံတိုးခိုင်းသည်။ "မင်း ဘာတွေ ပြောနေတာလဲ။ ဒါသာ စစ်သူကြီးနားထဲရောက်သွားရင် ငါခေါင်းဖြတ်ခံရလိမ့်မယ်။"

ဝမ်တရှန်ကလည်း အနည်းငယ် ကသိကအောက်ဖြစ်နေသည်။ သူက တုန်လှုပ်ချောက်ချားမိ၍ နှုတ်မှလွှတ်ခနဲ ထွက်သွားခြင်းပင်။ "ဒါဆို ငါ့သခင်လေးရဲ့နှစ်သက်မှုကိုရဖို့ဆိုတဲ့အတွေးက ဘာလို့ မင်းခေါင်းမှာပေါ်လာရတာလဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now