154

2.5K 510 6
                                    

ဝင်စီးခြင်း
..............

ဆေးဥယျာဉ်ပိုင်ရှင်က လုပ်ကြံသူအချို့ရောက်လာခဲ့သည်ဟု ကြားရသောအခါ ကြောက်လန့်၍မျက်နှာပျက်သွားသည်။ "ဘယ်...ဘယ်လိုလုပ် ငါ့နေရာကို လုပ်ကြံသူတွေ ရုတ်တရက်ရောက်လာရတာလဲ။"

သူက လင်းကျန်နှင့်ယွီဝမ်ထုန်တို့ကို မည်သူမှန်းမသိဘဲ သူတို့နှစ်ယောက်အား ချမ်းသာသည့်မိသားစုများမှ သခင်လေးနှစ်ယောက်က သူ၏ဆေးဥယျာဉ်သို့ အပျော်လာရောက်စဉ်တွင် လုပ်ကြံသူများနှင့် တွေ့သွားခြင်းဟု ထင်နေသည်။

"သခင်လေးခင်ဗျ၊ အဲ့ဒီလူတွေက ဘာကိုလိုချင်တာပါလဲ။ ငွေကြေးလား။ တခြားတစ်ခုခုလား။" ဆေးဥယျာဉ်ပိုင်ရှင်က မြန်မြန်ထပ်မေးသည်။

လင်းကျန်က ထိုလုပ်ကြံသူနှစ်ယောက်အား လွှတ်လိုက်သူကို မသိသေးသော်လည်း ဆေးဥယျာဉ်ပိုင်ရှင်၏ ကြောက်လန့်မှုကြောင့် သိသာစွာဖြူဖျော့နေသည့်မျက်နှာကို တွေ့လိုက်ရသောအခါ ထိုလူက ဤဖြစ်ရပ်နှင့် ဘာမှမသက်ဆိုင်ကြောင်း ယုံကြည်လိုက်သည်။

"အဲ့ဒီလုပ်ကြံသူတွေရဲ့ပစ်မှတ်က ကျွန်တော်ပါ။ ကျွန်တော့်ကြောင့် ကြောက်လန့်သွားရလို့ တောင်းပန်ပါတယ်။"

ဆေးဥယျာဉ်ပိုင်ရှင်က ဤစကားများကို ကြားရသောအခါ သက်ပြင်းချကာ ပြန်ပြောသည်။ "သခင်လေးက ကျွန်တော့်ရဲ့ဥယျာဉ်ကို လာလည်မှတော့ ကျွန်တော့်ရဲ့ဧည့်သည်ပါပဲ။ ကျွန်တော်က လုံခြုံရေးကို သေချာပိုတင်းကြပ်သင့်တာပါ။ ကံကောင်းလို့ သခင်လေး မထိခိုက်တာ။ မဟုတ်ရင် ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်တင်လို့ဆုံးမှာကိုမဟုတ်ဘူး။"

ဘေးတွင်ရပ်နေသော အထွေထွေဆိုင်ထိုင်က သူတို့ဤနေရာတွင် ရှိနေစဉ် အခြားမတော်တဆဖြစ်ရပ်များ ထပ်ရှိလာမည်ကိုစိုးရိမ်၍ ဝင်ပြောသည်။ "ဒီဂုဏ်သရေရှိ ဧည့်သည်တွေကို ခင်ဗျားရဲ့လူတွေနဲ့ လိုက်ပို့ပေးရင်ကော။ ဒီမှာလူတွေအများကြီးရှိနေတာမို့ သူတို့ထဲမှာတစ်ချို့က ထင်ရတဲ့အတိုင်းမဟုတ်နိုင်ဘူး။ သူတို့ထဲမှာ လုပ်ကြံသူတစ်ယောက်ယောက်ရှိနေရင် ငါတို့တွေခုခံဖို့ခက်လိမ့်မယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now