ရေအိမ်က လက်ဖက်ရည်ဆိုင်နှင့် သိပ်မဝေးချေ။ ၎င်းက သန့်ရှင်းကာ ပတ်ဝန်းကျင်က အတော်တိတ်ဆိတ်သည်။

လင်းကျန်က အထဲသို့ဝင်သွားပြီး လျှိုရိက တံခါးနားတွင် စောင့်နေသည်။

အရှေ့မှ လက်ဖက်ရည်ဆိုင်ထဲတွင် မီးတိုင်များလင်းနေသေးပြီး စကားပြောဆိုသံများလည်းထွက်နေရာ မြို့ထဲမှ ညပျော်ပွဲစားရုံထက်ပင် သောင်းသောင်းညံနေသည်။

လျှိုရိက ထိုနေရာကို တစ်ချက်နှစ်ချက်ကြည့်ပြီးနောက် လင်းကျန်ထွက်လာမည့်အချိန်ကို မျက်လွှာချကာ တည်ငြိမ်စွာစောင့်နေသည်။ သို့သော် ထိုအခိုက်အတန့်တွင်ပင် မူမမှန်သောခပ်တိုးတိုးအသံများကို သူကြားလိုက်ရသည်။ သူမျက်လုံးဖွင့်လိုက်ချိန်တွင် အနောက်ဘက်မှ လေကိုဖြတ်၍ ရွှမ်းခနဲမြည်သံတစ်သံထွက်လာသည်။

လျှိုရိ မြန်မြန်ရှောင်လိုက်သည်။ သံမဏိဓားတစ်ချောင်းက သူ့ဘေးမှဖြတ်သွားသည်။ သူသာ မရှောင်နိုင်လိုက်လျှင် ဓားထိုးခံရ၍ သေသွားလောက်သည်။

"ဘယ်သူလဲ။" လျှိုရိက ခါးတွင်ချိတ်ထားသည့်ဓားရှည်ကိုဆွဲထုတ်ကာ အမြန်နောက်လှည့်ပြီး လုပ်ကြံသူကိုခုတ်ချလိုက်သည်။

အမည်းရောင်ညဝတ်စုံနှင့် အဖြူရောင်မျက်နှာဖုံးကိုဝတ်ထားပြီး မျက်လုံးများသာဖော်ထားသည့် လုပ်ကြံသူက ဓားချက်ကို မြန်မြန်ရှောင်လိုက်သည်။

ပထမဓားချက်နှင့်ပစ်မှတ် လွဲသွားသည်ဖြစ်ရာ လျှိုရိက လုပ်ကြံသူနားသို့သွားကာ နောက်တစ်ချက်ထပ်ခုတ်ချသည်။ သူကရန်သူအား ထိပ်တိုက်တွေ့သည်နှင့် မျက်မှောင်ကြုတ်မိသည်။ 'ဒီလူက သာမန်ကွန်ဖူးပညာရှင် မဟုတ်ဘူး။'

အခြေအနေပိုဆိုးသွားသည်မှာ နောက်ထပ်အမည်းရောင်လုပ်ကြံသူတစ်ယောက်က အမှောင်ထဲမှထွက်လာကာ ရေအိမ်ဘက်သို့ သွားသည်။

လျှိုရိက ရေအိမ်၏တံခါးရှေ့သို့သွားကာ လုပ်ကြံသူနှစ်ယောက်ကိုလမ်းပိတ်ပြီး တိုက်ခိုက်သည်။

ဤနေရာအနီးတစ်ဝိုက်တွင် မည်သူမှမရှိဘဲ လက်ဖက်ရည်ဆိုင်မှာလည်း စည်ကားနေသည်။ လူသတိထားမိချိန်ကို သူစောင့်ပါက နောက်ကျသွားနိုင်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now