151

2.7K 533 12
                                    

မြို့တော်ကို သွားပြီ။
...........................

လင်းကျန်က သူ့မိသားစုနှင့် မည်မျှပင် မခွဲလိုစေကာမူ ထွက်သွားရမည့်နေ့က ရောက်လာဆဲပင်။

ယနေ့တွင် လင်းမိသားစုမှ လူအားလုံးက စောစောထကြပြီး ပြင်ဆင်ပြီးသား ခရီးဆောင်အိတ်များကို မြင်းလှည်းများပေါ်တင်ရင်း အလုပ်များနေကြသည်။ စားဖိုဆောင်တွင် တာဝန်ကျသူများကလည်း သခင်များအတွက် အချိန်လု၍ မနက်စာပြင်နေကြသည်။ စံအိမ်၏နေရာတကာတွင် အစေခံများ အလုပ်များနေကြသည်ကို တွေ့နိုင်သည်။

လင်းကျန်က ကြည့်ပျော်ရှုပျော် ဝတ်ဆင်ပြီးနောက် လင်းမောက်မောက်ကို အိပ်ရာထဲမှ ပွေ့ချီ၍ထုတ်ကာ မျက်နှာသစ်ပေးပြီး အဝတ်လဲပေးသည်။

"သခင်ဟောင်း၊ ဒုသခင်ကြီးနဲ့၊ ဒုသခင်မကြီးတို့က အရှေ့ဘက်ခန်းမငယ်ဆီ သွားနေကြပါပြီ၊ သခင်လေး။ စစ်သူကြီးက အဆင်သင့်ဖြစ်နေပါပြီ။ သူက သခင်လေးကို ဒီမှာလာခေါ်ပြီး အဲ့ဒီကို တူတူသွားမှာပါ။" ရှားဖုန်းက အခန်းထဲသို့ဝင်လာကာ အသိပေးသည်။

သူ၏သခင်လေးနှင့် ထိုနေ့ကဆွေးနွေးခဲ့သည့်အချက်က ရှားဖုန်းကို များစွာပြောင်းလဲစေခဲ့သည်။ ထိုအထဲမှ အသိသာဆုံးတစ်ခုမှာ သူကလင်းမိသားစုအတွင်းမှ သတင်းများကို သိရှိစေရန်တကယ်လုပ်နိုင်ခဲ့ပြီး ယခုဖြစ်ပျက်နေသည့်အရာများနှင့် နောင်ဖြစ်ပျက်လာနိုင်သည့်ကိစ္စများကို ကောင်းကောင်းသတင်းရနေသည်။ လင်းမိသားစု၏အစေခံအားလုံးကလည်း သူ့ကိုအတော်နာခံကြသည်။

"ငါသိပြီ။" လင်းကျန်က လင်းမောက်မောက်၏ပုခုံးကို ပုတ်လိုက်သည်။ "သွားရအောင်။ အချိန်ကျတော့မယ်။"

"ဟုတ်ကဲ့။" လင်းမောက်မောက်က ပြန်ပြောလိုက်သော်လည်း စိတ်ဓာတ်ကျနေပုံပေါ်သည်။ သူ၏အစ်ကိုကြီးက ယနေ့တွင် မြို့တော်သို့ ထွက်သွားတော့မည်။ ဆိုလိုသည်မှာ သူတို့က အချိန်အတော်ကြာသည်အထိ တစ်ယောက်ကိုတစ်ယောက် တွေ့နိုင်မည်မဟုတ်ပေ။

ညီအစ်ကိုနှစ်ယောက်က အိမ်ထဲမှ အတူတူထွက်လာကြသည်။ ခြံထဲမှအစေခံများက ပြင်ထားသောခရီးဆောင်အိတ်များကို အပြင်သို့သယ်ပို့ရင်း အလုပ်များနေကြသည်။ သူတို့က လင်းကျန်နှင့် လင်းမောက်မောက်တို့ ထွက်လာသည်ကို တွေ့သောအခါ ရပ်တန့်ကာ လေးလေးစားစား နှုတ်ဆက်ကြသည်။ "သခင်လေး၊ ဒုသခင်လေး။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now