150

3K 535 19
                                    

မထွက်သွားခင်
...................

ပြောလိုက်သည့်လူက အသက်နှစ်ဆယ်အရွယ်ခန့်ရှိပြီး ငယ်ရွယ်သူ အားမာန်နှင့် စိတ်ဓာတ်တက်ကြွမှု ရှိပုံပေါ်သည်။ သူ၏ထူးထွက်နေသောလက္ခဏာဖြစ်သည့် ခပ်မတ်မတ်ဆံထုံးက အခြားလူများနှင့်ခြားနားစေသည်။ သူက သူ့မေးခွန်းကြောင့် ဝမ်တရှန်တို့ အံ့ဩသွားကြသည်ကို တွေ့သောအခါ ဘဝင်ခိုက်စွာပြုံးသည်။

"ကျွန်တော် အနောက်မြောက်ဘက်မှာရှိတဲ့ နယ်စပ်မြို့တစ်မြို့ကို ရောက်တုန်းက စစ်သူကြီးရဲ့တပ်သားတွေ ဒီလိုအစီအရင်မျိုး စစ်ရေးပြနေတာကို ကံကောင်းပြီးမြင်ခဲ့လို့ပါ။"

ဤစကားက ကျန်လူများကို ပို၍အံ့ဩသွားစေသည်။ 'ဒီလူက အနောက်မြောက်ဘက်စစ်တပ် စစ်ရေးပြတာကို မြင်ဖူးတယ်ပေါ့။'

ရှဲ့ရှိပင် စတွေးမိသည်။ ဟုတ်သည်၊ အနောက်မြောက်စစ်တပ်၏စစ်ရေးပြကွင်းကို လူတိုင်းဝင်ခွင့်မရှိချေ။ စခန်းထဲသို့ ဝင်လာသည့်လူများကသာ စစ်သားများ စစ်ရေးပြသည်ကို ကြည့်ခွင့်ရှိသည်။ 'ဒီလူငယ်က စခန်းထဲကို ဝင်ခွင့်ရတာများလား။'

ဝမ်တရှန်က ထိုလူကိုမေးလိုက်သည်။ "မင်းနာမည်က ဘာများလဲ ငါ့ညီ။"

"ဝုဖုန်း ပါ။" လူငယ်က ပြန်ပြောသည်။

"မင်း အနောက်မြောက်စစ်တပ် စစ်ရေးပြတာကို မြင်ဖူးတယ်ဆိုတာ တကယ်လား။ ငါသိသလောက်ဆိုရင် အနောက်မြောက်စစ်စခန်းက လုံခြုံရေးတင်းကြပ်လို့ သာမန်လူတွေက ခွင့်ပြုချက်မပါရင် အထဲဝင်လို့မရဘူး။" ဝမ်တရှန်က အတော်လေးနက်သောလေသံဖြင့်ပြောသည်။

ဝုဖုန်းက ပြန်ပြောသည်။ "ဒါပေါ့၊ ကျွန်တော်တို့တွေက ဝင်ခွင့်ရခဲ့တာ။ မနှစ်တုန်းက ကျွန်တော့်ရဲ့ဂိုဏ်းတူအစ်ကိုကြီးတွေနဲ့အတူ ရှန့်ကျိုးကို သွားလည်ခဲ့ပါတယ်။ အဲ့ဒိမှာ ဝမ်တိုင်းပြည်ကလူတွေက နယ်စပ်ကိုဖြတ်ပြီး ကျွန်တော်တို့ရဲ့နိုင်ငံထဲခိုးဝင်ဖို့လုပ်နေတာကို ကျွန်တော်တို့တွေ တွေ့ခဲ့တယ်။ သူတို့နောက်ကို ကျွန်တော်တို့တွေ လိုက်ကြည့်ကြတော့ သူတို့တွေက..." ဝုဖုန်းက ချောင်းဟန့်ကာ ဆက်ပြောသည်။ "ဘာပဲဖြစ်ဖြစ် သူတို့တွေရဲ့ ရည်ရွယ်ချက်က မကောင်းဘူး။ ကျွန်တော်တို့တွေက အနောက်မြောက်စစ်စခန်းဆီသွား၊ စစ်သူကြီးနဲ့တွေ့ပြီး သတင်းပေးခဲ့ပါတယ်။ အဲ့ဒိတစ်ခေါက်ပဲ ကံကောင်းပြီး အနောက်မြောက်စစ်တပ်ထဲ ဝင်ခွင့်ရခဲ့တာပါ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now