149

2.8K 520 7
                                    

အသစ်နှင့်အဟောင်း အားပြိုင်မှု
........................................

လင်းကျန်က စာကို အိတ်ကပ်ထဲသို့ထည့်ကာ သူ၏ကိုယ်ပိုင်ခြံသို့ပြန်ရောက်ပြီးနောက် အိတ်ကပ်ထဲသို့လက်ထည့်၍ စာအိတ်အစွန်ကို စမ်းမိသည်။ သူက စာကို ယခုချက်ချင်း ဖွင့်ဖတ်ချင်သော်လည်း သူ့ဦးလေး၏စကားများကို ပြန်တွေးမိသောအခါ စိတ်ပြန်ထိန်းလိုက်သည်။

'ငါသိချင်တာတွေအားလုံးက ဒီစာထဲမှာရှိတယ်။' ထိုသို့တွေးမိသောအခါ သူက မြို့တော်သို့ ယခုချက်ချင်းပင် ထွက်သွားချင်မိသည်။

ယွီဝမ်ထုန်က သူစိတ်ပျံ့လွင့်နေသည်ကို သတိထားမိကာ မေးသည်။ "ဘာလို့လဲ။ မင်းရဲ့စိတ်တွေ လွင့်နေတာကို ကိုယ်မြင်နေရတယ်။"

လင်းကျန်က ခေါင်းသာခါပြပြီး ဘာမှပြန်မပြောချေ။ သူက ယွီဝမ်ထုန်ကို မယုံကြည်ခြင်းမဟုတ်ဘဲ စာထဲမှကိစ္စကို သူကိုယ်တိုင်ပင်မသိသဖြင့် မည်သို့ရှင်းပြရမည်မှန်း မသိခြင်းသာ။

ယွီဝမ်ထုန်က တစ်စုံတစ်ခုကို အခိုက်အတန့်မျှ တွေးနေပုံပေါ်သော်လည်း ထပ်၍မမေးတော့ပေ။ ထိုအစား သူက ကမ်းလှမ်းသည်။ "မနက်ဖြန်ကျရင် လမ်းထွက်ရအောင်။"

ယခုတစ်ကြိမ်သည် ယွီဝမ်ထုန်က သူ့ကို လမ်းထွက်ရန်ခေါ်သည့် ပထမဆုံးအကြိမ်ပင်။ လင်းကျန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။ "ခင်ဗျား ဘာဝယ်ချင်လို့လဲ။"

ယွီဝမ်ထုန်ကဖြေသည်။ "ကိုယ်တို့တွေ မြို့တော်ကိုရောက်ရင် ကိုယ့်ဦးလေးဆီ တစ်ခါလောက်သွားလည်ရမယ်။ သူ့ဆီကို ထန်းယန်ဒေသထွက်ကုန်တစ်ချို့ယူသွားရင် သူပိုပျော်သွားလိမ့်မယ်။"

လင်းကျန်က ချက်ချင်း နားလည်သွားသော်လည်း စိုးရိမ်ပူပန်လာသည်။ "အာ...ခင်ဗျားဦးလေး နှစ်သက်တဲ့ဟာမျိုးရှိလား။"

ယွီဝမ်ထုန်က ပြန်ပြောသည်။ "သူက ယမကာကြိုက်တယ်။"

လင်းကျန်၏မျက်ဝန်းများ တောက်ပသွားသည်။ ထန်းယန်က ဆေးအရက်အမျိုးမျိုးကြောင့် ကျော်ကြားပြီး အမျိုးအစားတစ်ခုချင်းစီက ကိုက်ညီသည့်ရောဂါကို ကုသပေးနိုင်သည်။ ၎င်းတို့ထဲမှ အများအပြားမှာ အသက်ကြီးသူများအတွက် သင့်တော်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now