148

2.7K 555 30
                                    

တော်ဝင်အမိန့်တော် ရောက်လာခြင်း
.............................................

"မနက်ဖြန်ကျရင် သင်တို့ရဲ့မိသားစုဆီကို တော်ဝင်အမိန့်တော် ရောက်လာမယ်။ အမိန့်တော်သယ်ဆောင်သူကို ကြိုဆိုဖို့ ပြင်ဆင်ပေးထားပါ။

စစ်သူကြီးခင်ဗျ၊ အရှင်ဧကရာဇ်က စစ်သူကြီးအတွက်လည်း မှာကြားလိုက်တာမို့ ကျေးဇူးပြုပြီး ပြင်ဆင်ပေးထားပါ။"

လင်းမိသားစုသို့ ရောက်လာသည့်လူက တော်ဝင်အမိန့်တော်မရောက်ခင် အမိန့်တော်သယ်ဆောင်သူအား သူတို့ကြိုဆိုနိုင်ရန်အတွက် ကြိုတင်အကြောင်းကြားပေးရန် တာဝန်ရှိသည်။

လင်းကျောက်ဝမ်က အကြောင်းကြားသူကို မိသားစုတစ်ခုလုံးကိုယ်စား ကျေးဇူးတင်လိုက်သည်။ ထို့နောက် ထိုလူက ယွီဝမ်ထုန်ကို ဧကရာဇ်ပို့လိုက်သည့် အမှာအကြောင်း ပြောပြသည်။

"ငါသိပြီ။" ယွီဝမ်ထုန်က ပြန်ပြောသည်။

"ဒါဆို ကျွန်တော် သွားသင့်ပြီ ထင်ပါတယ်။ ကျွန်တော် ရုံးတော်နဲ့ နယ်စောင့်တပ်စခန်းဆီသွားပြီး အကြောင်းကြားစရာရှိသေးလို့ပါ။" ထိုလူက ပြောသည်။

လင်းကျန်က ထိုလူကို အိမ်ပေါက်ဝအထိ လိုက်ပို့ပေးသည်။ အဝင်ဝတံခါးနားတွင် ထိုလူက လင်းကျန်ကို နေရစ်ခဲ့ရန်ပြောကာ ထွက်သွားသည်။

တော်ဝင်အမိန့်တော်ရောက်လာချိန်က မစောလွန်းသကဲ့သို့ နောက်လည်းမကျပေ။ ၎င်းက လင်းကျန်နှင့် ယွီဝမ်ထုန်တို့ မှန်းဆထားသော အချိန်အတိအကျဖြစ်လောက်သည်။

"တော်ဝင်အမိန့်တော်ရောက်လာရင် ကိုယ်တို့တွေ မြို့တော်ကိုသွားရမယ်။" ယွီဝမ်ထုန်က မှတ်ချက်ပေးသည်။

လင်းကျန်က ခေါင်းညှိတ်သည်။ သူက ဤကိစ္စအတွက် အချိန်အတော်ကြာမျှ ပြင်ဆင်ထားခဲ့သော်လည်း အိမ်မှထွက်သွားရတော့မည်ဟု တွေးမိရုံနှင့်ပင် သူ့ရင်ဘတ်အောင့်လာသည်။

လင်းမိသားစုမှလူများက တော်ဝင်အမိန့်တော် ရောက်လာတော့မည်ဖြစ်သောကြောင့် အလုပ်ထပ်များကြတော့သည်။

တော်ဝင်အမိန့်တော်ပို့ရန်တာဝန်ရှိသော အဖွဲ့က နောက်တစ်နေ့မနက်တွင် ထန်းယန်သို့ရောက်လာသည်။ သူတို့က လင်းမိသားစု၏စံအိမ်သို့ အရင်ဆုံးရောက်လာသည့်အတွက် လင်းမိသားစုဝင်များက ကြာကြာမစောင့်လိုက်ရပေ။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now