147

2.9K 547 11
                                    

ထန်းယန်မှ အင်အားမျှခြေအသစ်
.........................................

ထိုနေ့ည၌ လင်းကျန်နှင့် ယွီဝမ်ထုန်တို့က မြို့တော်သို့သွားမည့်ခရီးနှင့်ပက်သက်၍ အသေးစိတ် ဆွေးနွေးနေစဉ်တွင် ဝမ်တရှန်က သတင်းတစ်ခုလာပြောသည်။

"ဟယ့်မိသားစုဝင်တွေက ညအမှောင်ကိုအားပြုပြီး မြို့ထဲကနေထွက်သွားကြပါတယ်၊ သခင်လေး။"

"သူတို့ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ။"

"ဆယ့်ငါးမိနစ်လောက် ရှိပါပြီ။"

လင်းကျန်က မတ်တပ်ထရပ်သည်။ "ရုံးတော်က လှုပ်ရှားပြီလား။"

ဝမ်တရှန်က ခေါင်းခါပြသည်။ "မလှုပ်ရှားသေးပါဘူး။ ဟယ့်မိသားစုဝင်တွေက မထွက်သွားခင် ရုပ်ဖျက်ထားကြတော့ သူတို့ထွက်ပြေးဖို့ကြိုးစားနေကြတယ်ဆိုတာကို မြို့တံခါးစောင့်တွေက သတိမထားမိကြပါဘူး။ ဟယ့်မိသားစုထဲမှာ ကျွန်တော်တို့ထည့်ထားတဲ့ သူလျှိုက ဟယ့်မိသားစုအကြီးအကဲနဲ့ မိသားစုဝင်တွေ ထွက်သွားပြီဆိုတာကို သိလို့ ကျွန်တော့်ကိုသတင်းပေးလိုက်တာပါ။"

"ကျိုးမိသားစုကရော။"

"ကျိုးမိသားစုဘက်ကတော့ ဘာသတင်းမှ မလာသေးပါဘူး။"

"ရုံးတော်ကို လူတစ်ယောက်လွှတ်ပြီး အကြောင်းကြားလိုက်။ တခြားလူတွေက ကျွန်တော်နဲ့အတူ မြို့တံခါးပေါက်ကို လိုက်ခဲ့။ ကျွန်တော်တို့ သူတို့ကို လိုက်ဖမ်းမယ်။"

ယွီဝမ်ထုန်ကလည်း မတ်တပ်ထရပ်သည်။ "ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်။"

သူတို့နှစ်ယောက်က အစောင့်များကိုခေါ်ကာ မြို့ထဲမှထွက်လာကြသည်။ မြို့တံခါးမှအစောင့်များက လူအုပ်ကြီးကိုတွေ့သောအခါ မှင်တက်သွားကြသည်။ ညသန်းခေါင်တွင် ထိုလူများက မြို့ထဲမှ ဘာကြောင့်ထွက်သွားကြမှန်း သူတို့မသိကြသော်လည်း မည်သူကမှ ယွီဝမ်ထုန်ကို တား၍မမေးရဲချေ။

ဟယ့်မိသားစုဝင်များမှာ ယခင်ကတည်းက ပြင်ဆင်ထားပြီးသားပင်။ သူတို့က မြင်းရထားလုံးများနှင့် မြင်းများကို မြို့ပြင်တွင် ကြိုပို့ထားသည်။ သူတို့က မိသားစုဝင်များကို အုပ်စုငယ်များဖွဲ့၍ မြို့တံခါးပေါက်မှထွက်လာပြီးနောက် ထွက်ပြေးကြတော့သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now