143

2.8K 542 21
                                    

ခင်ဗျား မသိဘူးလား။
...........................

ယွီဝမ်ထုန်က လင်းကျန်ကြည့်နေသောဘက်သို့ ကြည့်ကာ မေးသည်။ "ဘယ်သူတွေလဲ။"

လင်းကျန်က ပြန်ပြောသည်။ "ကျန်ချောင်းရဲ့လက်ပါးစေတွေလေ။ ကျန်ချောင်းသေသွားပြီး ကျားမိသားစုကလည်း ဒီလိုအဆုံးသတ်သွားတော့ သူတို့ကြောက်နေကြတာ။"

ယွီဝမ်ထုန်က ဤသည်ကိုကြားပြီးနောက် ထိုလူနှစ်ယောက်ကို စိတ်မဝင်စားတော့ဘဲ အကြည့်လွှဲလိုက်သည်။ "သွားရအောင်။ မင်းက နလန်ထူခါစပဲရှိသေးတယ်။"

******

ယန်ကျိုးရှိမြို့ငယ်တစ်ခုမှ တည်းခိုဆောင်တွင် ယွီဝမ်ချီက သူမျှော်နေသည့် ကျိုးဖုကွေ့နှင့်အခြားနှစ်ယောက်တို့ ပြန်ရောက်လာကာ သတင်းမပေးနိုင်သေးခင်တွင် ကျန်ချောင်းသေဆုံးသွားသည့် သတင်းကို သိလိုက်ရသည်။

သူထန်းယန်မှထွက်လာပြီး ရက်အနည်းငယ်အတွင်း ကျန်ချောင်း၏ဘဝအဆုံးသတ်သွားသည့်အတွက် သူအလွန်အံ့အားသင့်မိသည်။ ထို့အပြင် သူကဤမြို့တွင် တစ်ချိန်လုံရှိနေသော်လည်း မည်သည့်စစ်တပ်မှဖြတ်သန်းသွားသံကိုမကြားဘဲ ထန်းယန်သို့တိုင်ချိန့်ရောက်နေသည်ဟု သိလိုက်ရသည်။ သူအနည်းငယ်စုံစမ်းကြည့်လိုက်သောအခါ စစ်တပ်က မဟာမာန်တောင်ထဲမှ ဖြတ်လမ်းတစ်ခုကိုဖြတ်၍ ထန်းယန်သို့ရောက်သွားသည်ဟု ပြောကြသည်။

"ကျန်ချောင်းက ဒီလိုလျှို့ဝှက်လမ်းကြောင်းကို ဖွက်ထားတာပဲ။ ကြည့်ရတာ မင်းသားခြောက်က ဟိုးအရင်ကတည်းက စီစဉ်နေတာနေမယ်။ နှမြောစရာပဲ..."

ယွီဝမ်ချီက စကားကိုအဆုံးမသတ်ဘဲ မင်းသားခြောက်နှင့်ထိုဘက်မှလူများက ကံမကောင်းဘူးဟု တီးတိုးဆိုသည်။ 'သူတို့က နိုင်ဖဲကိုကောင်းကောင်းဖွက်ထားပေမဲ့ ယွီဝမ်ထုန်က အဲ့ဒါကိုရှာတွေ့ပြီး ဖျက်ဆီးလိုက်တယ်။'

'ဒီကိစ္စကြောင့် မြို့တော်မှာ တော်တော်အပုပ်နံ့ထွက်တော့မှာပဲ။ ကျိုးဖုကွေ့က ဘာလုပ်နေတာလဲ။ ဒီလောက်ကြာတာတောင် ပြန်မရောက်သေးဘူး။' သူက မြို့တော်သို့ ချက်ချင်းပြန်ကာ အခြေအနေကြည့်ချင်နေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now