142

2.9K 539 13
                                    

လျှိုရိ၏တောင်းဆိုချက်
...............................

"နေဦး။" ယွီဝမ်ထုန်က ရုတ်တရက် ရပ်တန့်လိုက်သည်။

"ဘာဖြစ်လို့ပါလဲ၊ စစ်သူကြီး။" ယောင်ရိက ဇဝေဇဝါဖြစ်နေသည်။

"အဲ့ဒိကျိုးဖုကွေ့က ယွီဝမ်ချီဆီကနေ စာရပြီးမှ ထန်းယန်ကို လာကယ်တာမဟုတ်လား။ အဲ့တုန်းက ယွီဝမ်ချီ ဘယ်လို သတင်းပို့တာလဲ။"

ယောင်ရိ မျက်လုံးပြူးသွားကာ ချက်ချင်းပြန်ပြောလိုက်သည်။ "ကျွန်တော် သူ့ကို ချက်ချင်းသွားမေးလိုက်ပါ့မယ်။"

ကျိုးဖုကွေ့က ယောင်ရိပြန်ရောက်လာသည်ကို တွေ့သောအခါ ဘာကြောင့်မှန်းမသိရသဖြင့် ပုခုံးကျုံ့ထားသည်။

"ယွီဝမ်ချီက မင်းကို ဘယ်လိုနည်းနဲ့ သတင်းပို့ခဲ့တာလဲ။" ယောင်ရိက အေးစက်စက်မျက်နှာထားဖြင့် မေးသည်။

ကျိုးဖုကွေ့က ဝန်ခံစာရွက်တွင် အမှတ်အသားပြုထားသည်။ သူက ရှောင်လွှဲရန်လမ်း မရှိတော့သည်ကို သိသဖြင့် ဒွိဟမဖြစ်ဘဲ ဖြေလိုက်သည်။ "ဒုသခင်လေးက အထူးလေ့ကျင့်ထားပြီး ထူးခြားဆန်းကြယ်တဲ့ အနံ့ကိုအာရုံခံနိုင်တဲ့ မြွေကို သုံးခဲ့တာပါ။"

'မြွေလား။' ယောင်ရိက သံသယဝင်သောအသံဖြင့် မေးလိုက်သည်။ "ဘယ်လိုမြွေမျိုးလဲ။"

"တအားသေးတဲ့မြွေပါ။ အဲ့ဒိမြွေက ခရီးရှည်ကို လျှောတိုက်သွားနိုင်ပါတယ်။ ဒုသခင်လေးက အဲ့မြွေကို ဝါးပြွန်ထဲမှာထည့်ပြီး ခေါ်သွားလေ့ရှိပါတယ်။"

"ဒီတော့ အဲ့ဒိမြွေကို မင်းဆီရောက်လာအောင် မျှားခေါ်နိုင်တဲ့ အနံ့ရှိတဲ့ အရာတစ်ခုခုရှိတယ်ပေါ့။"

ကျိုးဖုကွေ့က ခေါင်းညှိတ်ကာ သူ၏ခါးပတ်မှ ရနံ့အိတ်ငယ်ကို ဖြေပြီး ယောင်ရိကိုကမ်းပေးသည်။

ယောင်ရိက ထူးဆန်းသောအနံ့တစ်ခုကိုရ၍ လှမ်းယူရန် လက်ပြင်သည်။

သို့သော် ကျိုးဖုကွေ့က ပြန်ရုတ်လိုက်သည်။ "ဒီအနံ့က သိပ်မပြင်းပေမဲ့ အင်မတန် တာရှည်ခံပါတယ်။ အဲ့ဒါကို အကြာကြီးထိထားတဲ့လူနားမှာ အနံ့ထွက်နိုင်ပါတယ်။ ဘယ်လိုလည်းတော့ ကျွန်တော်မသိပေမဲ့ မြွေကအဲ့ဒါကို အာရုံခံနိုင်ပါတယ်။ ဆရာသာ ဒီရနံ့အိတ်ကိုထိလိုက်ပြီး အဲ့ဒိမြွေက ဆရာ့ကို တစ်နည်းနည်းနဲ့ ရှာတွေ့သွားရင် ဒုသခင်လေးက ကျွန်တော့်ကို သေချာပေါက် သံသယဝင်ပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်ပြောတာတွေကို ဒုသခင်လေးဆီ မပြောပါနဲ့။ မဟုတ်ရင် ကျွန်တော် စစ်သူကြီးအတွက် ဘာမှမလုပ်ပေးရခင် သေသွားပါလိမ့်မယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now