141

2.7K 554 14
                                    

လင်းကျန်ရဲ့ 'ပျော့ညံ့တဲ့ပုံစံ' ပျောက်သွားပြီ။ (၂)
..............................................................

လင်းမိသားစုအိမ်သို့ ယောင်ရိရောက်လာသောအခါ လင်းကျန်နှင့်ယွီဝမ်ထုန်တို့က ပြန်ရောက်ခါစသာရှိသေးသည်။

"စစ်သူကြီး၊ သခင်လေးလင်း။ ကျွန်တော်တို့တွေ ကျိုးဖုကွေ့ကို အစာနှစ်ရက်ဖြတ်ထားပါတယ်။ သူ့ဆီကရနိုင်သမျှ သတင်းတွေအားလုံးကို အစ်ထုတ်ပြီးပါပြီ။ ကျွန်တော်တို့ သူ့ကို ဘယ်လိုစီစဉ်လိုက်ရမလဲ။"

ယောင်ရိကသာ ထိုလူ့အကြောင်းမပြောလာလျှင် လင်းကျန် ထိုကျိုးဖုကွေ့ဆိုသည့်လူကို မေ့နေလောက်သည်။

ကျိုးဖုကွေ့အကြောင်းတွေးမိသည်နှင့် မြို့တော်မှယွီဝမ်မိသားစုအကြောင်းကလည်း သူ့စိတ်ထဲသို့ရောက်လာသည်။ ရလဒ်အနေဖြင့် ယွီဝမ်ထုန့်ကိုကြည့်သောအခါ သူ့မျက်ဝန်းထဲမှ နူးညံ့မှုလျော့သွားသည်။

ယွီဝမ်ထုန် ပြောစရာမဲ့သွား၏။

'သူ ငါ့အပေါ်ကို နူးညံ့တာ နေ့တစ်ဝက်တောင်မရှိသေးဘူးလေ။' ယွီဝမ်ထုန်က တွေးသည်။ မကျေမနပ်ကြည့်သောအခါတွင်ပင် ရေကဲ့သို့သိမ်မွေ့သော လင်းကျန်၏ပုံစံက ဤကဲ့သို့ပင် ပျောက်ကွယ်သွားလေပြီ။

'ကျိုးဖုကွေ့။ အဲ့ဒီ သောက်သုံးမကျတဲ့ ကျိုးဖုကွေ့။'

စိတ်တိုသွားသော ယွီဝမ်ထုန်က ကျိုးဖုကွေ့နှင့်အခြားလူနှစ်ယောက်အား ဖမ်းထားသောနေရာသို့ မျက်နှာထားအေးစက်စက်ဖြင့်သွားသည်။

ယွီဝမ်ထုန့်နောက်သို့လိုက်နေသော ယောင်ရိက လင်းကျန်ရှိနေစဉ်တွင် ဤကိစ္စကို ပြောလိုက်ခြင်းက ကျိုးကြောင်းမစဉ်းစားခဲ့သကဲ့သို့ဖြစ်သွားကြောင်း သတိထားမိသည်။ ထို့ကြောင့် သူက ယွီဝမ်ထုန့်ထံမှ ဒေါသပုံချခံရမည်ကို စိုးရိမ်သဖြင့် မထင်မရှားနေရန်ကြိုးစားနေသည်။

ကျိုးဖုကွေ့က ဆာလောင်မှုကြောင့် မလှုပ်ရှားနိုင်လုနီးပါးပင်။ သူ ယွီဝမ်မိသားစုတွင် ရှိနေစဉ်က အစေခံဖြစ်သော်လည်း အဆင့်မြင့် စားစရာနှင့် အဝတ်အစားများကို ရရှိပြီး အချမ်းသာဆုံးတောသူဌေးများထက် သာလွန်သည့်ဘဝတွင်နေခဲ့ရသည်။ သူက ဤကဲ့သို့ မဆက်ဆံခံခဲ့ရဖူးသကဲ့သို့ ဆာလောင်မှုက ဤမျှရက်စက်သောအပြစ်ဒဏ်ဖြစ်မည်ဟု မသိခဲ့ပေ။ သူက ယွီဝမ်ထုန်လာနေသည်ကို တွေ့သောအခါ ယွီဝမ်ထုန်၏ရှေ့တွင် ချက်ချင်းဒူးထောက်ကာ ကြောက်စိတ်မွှန်နေသောမျက်လုံးများ၊ ငိုသံများဖြင့် ထပ်ကာထပ်ကာ အသနားခံတော့သည်။ "ကျွန်တော့်ကို သနားပါစစ်သူကြီး။၊ ကျွန်တော် ရူးမိုက်တဲ့လုပ်ရပ်တွေကို ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး။ ကျေးဇူးပြုပြီး စားစရာနည်းနည်းလောက် ကျွေးပါ။ စစ်သူကြီး။ ကျေးဇူးပြုပြီး..."

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now