140

3.2K 556 9
                                    

လင်းကျန်ရဲ့ 'ပျော့ညံ့တဲ့ပုံစံ' ပျောက်သွားပြီ။
.......................................................

'သူက ဒီလိုအခြေအနေမျိုးမှာတောင် ငါ့ကိုစနောက်နေသေးတယ်။ ငါသူ့ကို ဒီဟာအတွက်ကြောင့် လက်ထပ်ဖို့ငြင်းလိုက်မှာကို မစိုးရိမ်ဘူးလား။'

လင်းကျန်က ယွီဝမ်ထုန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ယွီဝမ်ထုန်က ခဲခဲယဉ်းယဉ်း အရယ်ရပ်လိုက်ရသည်။ "ကောင်းပြီ၊ ကောင်းပြီ။ စားတော့။"

'ဒါဆို အရယ်ရပ်တော့လေ။' လင်းကျန်က ဆက်လက်တိတ်ဆိတ်နေကာ သူ့ကိုနောက်တစ်ခါထပ်ကြည့်လိုက်ပြီး စိတ်ထဲ၌ ငေါ့လိုက်သည်။ မနေ့ကအဖြစ်အပျက်ကြောင့် သူအပြစ်ရှိသကဲ့သို့ခံစားနေရခြင်းသာမဟုတ်လျှင် ယွီဝမ်ထုန် ဝင့်ဝါစွာရယ်နေသည်ကို သည်းခံမည်မဟုတ်ပေ။

မနက်စာစားပြီးနောက် လင်းကျန်က အဝတ်လဲကာ လုမိသားစုသို့ လင်းကျောက်ဝမ်နှင့်အတူသွားသည်။ ကိုယ် မည်သူမည်ဝါဖြစ်ကြောင်း အရေးမထားသော ယွီဝမ်ထုန်က သူတို့နှင့်အတူလိုက်ရန် ဆုံးဖြတ်သည်။

"ခင်ဗျား ကျွန်တော်တို့နဲ့အတူလိုက်လာရင် အုတ်အော်သောင်းတင်းတွေ ဖြစ်ကုန်တော့မယ်။ ကျွန်တော်တို့တွေ အဲ့လူတွေဆီကနေ ဝိုင်းအုံခံရလိမ့်မယ်။" လင်းကျန်က ဝေဖန်သည်။

"စိတ်အေးမေးထားပါ။ သူတို့ မလုပ်ရဲပါဘူး။" ယွီဝမ်ထုန်က ထိုကဲ့သို့သော အခြေအနေမျိုးကို ကိုင်တွယ်သည့်အတွေ့အကြုံနှင့် ပက်သက်၍ အလွန်ယုံကြည်ချက်ရှိပုံဖြင့် ပြန်ပြောသည်။

တကယ်ကိုပင် ထိုလူများက အနားမကပ်ရဲပေ။ သူတို့ လုမိသားစု၌ရှိနေစဉ်တွင် ယွီဝမ်ထုန်က အစမှအဆုံးတိုင် မျက်နှာတည်နေပြီး အနီးကပ်လာချင်သူတိုင်းကို တားဆီးထားသည်။

သူတို့က ဖြောင့်မတ်သော ဤအထင်ကရစစ်သူရဲကောင်းကို လေးစားသော်လည်း သူ့အနီးဝန်းကျင်မှ အေးစက်စက်နှင့် လူသတ်လိုသော အရှိန်အဝါအား မခံနိုင်ပေ။

လုဖုန်းနျန်နှင့် လုကွေ့က သူတို့ထံသို့လျှောက်လာသည်။ ကနဦးတွင် သူတို့က ယွီဝမ်ထုန်ကို အဖော်ပြုရန်ရည်ရွယ်သော်လည်း ယွီဝမ်ထုန်က သူတို့ကို စကားအနည်းငယ်ဖြင့် ပထုတ်ကာ လင်းကျန်၏ဘေးတွင်သာ တစ်ချိန်လုံး နေနေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now