139

3K 592 13
                                    

တွန်းအား
............

ယွီဝမ်ထုန်၏စကားက လင်းကျန်၏ပါးများကို သွေးရောင်လွှမ်းသွားစေသည်။ သူက ယွီဝမ်ထုန်၏မျက်ဝန်းများနှင့် ထပ်မဆုံရဲတော့သဖြင့် မြန်မြန်အကြည့်လွှဲလိုက်သည်။

ယွီဝမ်ထုန်က နောင်တရမှုရောနေသော စိတ်သက်သာရာရမှုကိုခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ ယခုတစ်ကြိမ်သည် လင်းကျန်က သူ့အားအညှို့ခံနေရသကဲ့သို့ ငေးကြည့်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

*****

"ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ သခင်လေး။"

ယွီဝမ်ထုန်ထွက်သွားပြီးနောက် ရှားဖုန်းက လင်းကျန်၏ရှေ့တွင် ဒူးထောက်ကာ သူ၏ပေါ့ဆခဲ့မှုကို ဝန်ခံပြီး အပြစ်ပေးရန်တောင်းဆိုသည်။

စည်းစနစ်ကျကျပြောရလျှင် ရှားဖုန်းက ဝမ်တရှန်နှင့် သူ၏နောက်လိုက်တို့ အပြင်းအထန်ပြေးနေသေးသလားဆိုသည်ကို အတည်မပြုဘဲ မှားယွင်းကောက်ချက်ချခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ထိုအချိန်တွင် ရှားဖုန်းက အစောင့်များ၏ခြံနှင့်အတော်ဝေးသော လင်းကျန်၏အခန်းထဲတွင် ခစားနေရရာ ထိုနေရာမှအခြေအနေကိုသိနိုင်စရာအကြောင်းမရှိပေ။

"ရှားဖုန်း၊ ဝူအားနျိုသစ္စာဖောက်တာကို ရှာတွေ့သွားကြတော့ ကြီးကြပ်ဟယ်ပို့လိုက်တဲ့အစေခံက အချိန်မဆွဲဘဲ မင်းဆီကိုလာအသိပေးခဲ့တာ မှတ်မိသေးလား။"

"ကျွနိတော်မှတ်မိပါတယ်၊ သခင်လေး။"

"မင်းအဲ့ဒါနဲ့ပက်သက်ပြီး ဘယ်လိုမြင်လဲ။"

"သူတို့တွေက သခင်လေးကိုကြောက်ရွံ့ရိုသေလို့ ဒီကိုချက်ချင်းသတင်းလာပေးတာပါ။"

လင်းကျန်က သက်ပြင်းချသည်။ "မင်းအဲ့ဒိအကြောင်းပြချက်တစ်ခုကိုပဲ တွေးတတ်တာလား။"

"ကျွန်တော်..." ရှားဖုန်း ချွေးအေးများထွက်လာသည်။

"ဒီရက်တွေအတွင်း ဒီအိမ်ထဲမှာ သေးသေးပဲဖြစ်ဖြစ် ကြီးကြီးပဲဖြစ်ဖြစ် ကိစ္စတစ်ခုခုဖြစ်တိုင်း အစေခံတစ်ချို့က မင်းဆီကိုလာသတင်းပေးကြမယ် မလား။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now