138

3K 609 22
                                    

ကတောက်ကဆဖြစ်ခြင်း
.................................

သူ့မိသားစုဝင်အားလုံးထွက်သွားသောအခါ လင်းကျန်က ယွီဝမ်ထုန်၏အင်္ကျီစကိုဆွဲလိုက်သည်။ "ဒေါသမထွက်နဲ့တော့လေ၊ ဟုတ်ပြီလား။"

"မင်းရဲ့အာရုံခံနိုင်စွမ်းတိုးတက်နေပုံနဲ့ဆို ကျားကျုံး စ မတိုက်ခိုက်ခင် အာရုံခံမိမှာ။ မင်းဘာလို့မရှောင်တာလဲ။"

ယွီဝမ်ထုန်က တကယ်ကိုဒေါသထွက်နေသည်။ သို့သော် သူပို၍ခံစားမိနေသည်မှာ ထိုမတော်တဆမှုပြီးနောက် ကြောက်စိတ်မွှန်နေခြင်းကိုပင်။ ထိုတိုက်ခိုက်မှုကို သူပြန်တွေးမိရုံဖြင့် တုန်လှုပ်ချောက်ချားမိသည်။ သူသာ အချိန်မီမရောက်လျှင် ဘာဖြစ်သွားမည်နည်း။ သူထိုမေးခွန်း၏အဖြေကို မတွေးရဲပေ။ သူက စစ်မြေပြင်မှ မရေမတွက်နိုင်သောသေဆုံးမှုများကို ကိုယ်တွေ့မြင်ဖူးသော်လည်း လင်းကျန်ထံတွင် အလားတူဖြစ်ရပ်မျိုးဖြစ်မည်ကို သည်းမခံနိုင်ပါ။

"ခဏလောက်သတိလစ်ဟင်းသွားရုံပါ။ ကျားကျုံးကကွန်ဖူးမတတ်တော့ ချုပ်ထားတာကနေ မြန်မြန်လွတ်အောင်ရုန်းနိုင်မယ်လို့ ကျွန်တော်မထင်ထားမိဘူး။"

လင်းကျန်က ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ကာ မခံမရပ်ဖြစ်၍ ခေါင်းငုံ့ထားသည်။

ယွီဝမ်ထုန်က သူ့မျက်ဝန်းများထဲမှအပြစ်ရှိစိတ်နှင့် ဖြူဖျော့နေသောမျက်နှာကို တွေ့ပြီးနောက် သက်ပြင်းချသည်။ "မင်းမျက်နှာက တအားဖြူဖျော့နေတယ်။ ခဏအိပ်လိုက်ဦး။ ဆေးအဆင်သင့်ဖြစ်ရင် ကိုယ်မင်းကိုနှိုးပေးမယ်။"

လင်းကျန်က သူ့ကိုခေါင်းမော့၍ကြည့်လာပြီး ယွီဝမ်ထုန်၏အင်္ကျီစကို လက်ဖြင့်ဆွဲထားဆဲပင်။

"ဒါမျိုးထပ်မဖြစ်စေရဘူး။ ကျွန်တော်ကတိပေးတယ်။"

သူကိုယ်တိုင်သည်လည်း ယနေ့တွင် ဆိုးဆိုးရွားရွားထိတ်လန့်ခဲ့သည်။ သူက နာကျင်ရမည်ကို မကြောက်သော်လည်း ဤနည်းဖြင့်ဒဏ်ရာရသွားခြင်းက အကျိုးမရှိသည့်အပြင် လူတိုင်းကိုလည်း ထိတ်လန့်စေခဲ့သည်။

ယွီဝမ်ထုန်က သူ့အင်္ကျီစအား လင်းကျန်ဆက်ဆွဲထားသည်ကို တွေ့သောအခါ နှလုံးသားအရည်ပျော်သွားသဖြင့် ထပ်၍အပြစ်မဆိုရက်တော့ပေ။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now