135

3K 583 24
                                    

ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခြင်း
..........................................

ယွီဝမ်ထုန်က သူသာဤကိစ္စတွင် မိမိရပ်တည်ချက်ကို ချက်ချင်းလက်ငင်း မဖော်ပြလျှင် ပြဿနာတက်သွားနိုင်ကြောင်း ကောင်းကောင်းသိသည်။

"ကိုယ် သူတို့ကိုဖမ်းဖို့ ယောင်ရိနဲ့လူတစ်ချို့ကို လွှတ်လိုက်ပြီ။ မင်း သူတို့အပေါ် ကြိုက်တဲ့နည်းနဲ့ ဒေါသဖြေလို့ရလိမ့်မယ်။"

"ကျွန်တော်က သူတို့ကို သေစေချင်ရင်ကော။"

"ကိုယ်ကိုယ်တိုင် မင်းဆီ ဓားကမ်းပေးမယ်။"

"ဟမ့်"

ဤစကားများကို ကြားပြီးသောအခါမှသာ လင်းကျန်က ယွီဝမ်ထုန့်ထံမှ အကြည့်လွှဲကာ ပြောလိုက်သည်။ "သူတို့တွေ ဒီကိုရောက်လာရင် ကျွန်တော်ဆုံးဖြတ်မယ်။"

ယောင်ရိက အလုပ်ကို လျင်မြန်စွာအဆုံးသတ်ခဲ့သည်။ ထိုညတွင် ကျိုးဖုကွေ့နှင့်အခြားနှစ်ယောက်က အဖမ်းခံရကာ ဝါးစိမ်းစံအိမ်၏ခြံထဲသို့ရောက်လာပြီး မြေကြီးပေါ်သို့ပစ်ချခံလိုက်ရသည်။

"အာ့" လူသုံးယောက်က မြေကြီးပေါ်သို့ ဗုန်းခနဲပစ်လဲသွားကာ နာကျင်စွာအော်မိသည်။

"ဘယ်လူရမ်းကားက ငါ့ကိုဖမ်းရဲလောက်အောင် သတ္တိရှိနေတာလဲ။ သေချင်နေတာလား။" သူတို့က ကျိန်ဆဲကာ ကိုယ့်ဘာသာကိုယ်ထရပ်ပြီး သူတို့အားပြန်ပေးဆွဲသူကို သိချင်နေသည်။ 'ငါတို့က ယွီဝမ်မိသားစုအတွက် အလုပ်အကျွေးပြုနေတယ်ဆိုတာကို သူတို့မသိဘူးလား။ သူတို့က သေလမ်းရှာနေတာပဲ။'

သို့သော် သူတို့မတ်တပ်ရပ်ပြီးသောအခါ သူတို့ကို စိမ်းကားစွာကြည့်နေသော ယွီဝမ်ထုန်ကိုတွေ့လိုက်ရသည်။ သူတို့က မြေကြီးပေါ်သို့ ချက်ချင်းဒူးထောက်ကျသွားကာ ချွေးတဒီးဒီးထွက်လာကြသည်။ ကျိုးဖုကွေ့က ချက်ချင်းဖြူဖျော့သွားကာ အသံတုန်တုန်ဖြင့်ခေါ်လိုက်သည်။ "စစ်...စစ်သူကြီး။"

"ငါက မင်းကို ပြန်ပေးဆွဲဖို့ အရည်အချင်းမှီတယ်မလား။" ယွီဝမ်ထုန်က အေးစက်စက်လေသံဖြင့်မေးသည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျွန်တော်က အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး၊ စစ်သူကြီး။ သေချင်နေတာက ကျွန်တော်ပါ။ ကျွန်တော်က လင်းနို့လို ကန်းပါတယ်။ ကျွန်တော့်လျှာကို မထိန်းနိုင်လိုက်ပါဘူး။ ကျွန်တော် ပြောခဲ့တာကို သေခြင်းနဲ့ အပြစ်ပေးလို့ရပါတယ်။" ကျိုးဖုကွေ့က လက်မြှောက်ကာ သူ့မျက်နှာသူ ရိုက်လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now